iMyanmarHouse.com - Best Property Website for Myanmar
×









တောင်ကိုရီးယား အခြေဆိုက် Cube Entertainment မှစတင်ပွဲထုတ်ပေးခဲ့တဲ့ 4 minute ဟာ PSY ရဲ့ ‘Oppa Gangnam Style ‘ သီချင်းမှာ ပါဝင်သီဆိုပေးခဲ့တဲ့ 4 minute အဖွဲ့ဝင် Hyuna ကြောင့် ကမ္ဘာတစ်လွှားမှာ ပိုမိုကျော်ကြားလာခဲ့တာပါ။

 စုစုပေါင်း တစ်ကိုယ်တော်တေးစီးရီး ( ၇ ) ခုထွက်ရှိခဲ့ပြီး Billboard ၊ Vice၊ Time အစ ရှိတဲ့ ကမ္ဘာကျော် Music ထိပ်တန်းစာရင်းမှာလဲ အသိအမှတ် ပြု ခံထားရတာကြောင့် ကမ္ဘာ့အဆင့်မီ ကိုရီးယား အဖွဲ့ရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခွင့်ရခြင်းကြောင့် Organizer  အဖွဲ့ကနေ လွန်စွာ ၀မ်းသာဂုဏ်ယူမိကြောင်း စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

4minute ဟာ တောင်ကိုရီးယား ဂီတလောကမှာ၂၀၀၉ ခုနှစ်ကတည်း စတင်ပေါ်ထွန်းခဲ့တာဖြစ်ပြီး ခုနောက်ပိုင်း တစ်ဖြည်းဖြည်းနဲ့ ကမ္ဘာကပါ အသိအမှတ် ပြုခံလာခဲ့ရတာ ဖြစ်ပါတယ်။

4minute ရဲ့ မြန်မာနိုင်ငံမှာ ကျင်းပမယ့် တေးဂီတဖျော်ဖြေပွဲကိုတော့ ဧပြီလ ( ၄ ) ရက်နေ့၊ Myanmar Event Park မှာ ည ၇ နာရီခွဲမှ ၉ နာရီအထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဖျော်ဖြေပွဲအတွက် လက်မှတ်တွေကိုတော့ တော်ဝင်စင်တာ ပရိုမိုးရှင်း ဧရိယာမှာ စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ VVIP ၆သိန်း၊ VIP ၂သိန်း၊ Zone A ၆သောင်းခွဲ၊ Zone B ၄သောင်းခွဲ၊ Zone C ၂သောင်းခွဲလို့ သိရပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top