iMyanmarHouse.com - Best Property Website for Myanmar
×

မြန်မာနိုင်ငံရဲ့ မော်ဒယ်လောကမှာ အချိန်အကြာကြီး ရပ်တည်နိုင်ခဲ့သလို သူမရဲ့ ခန္ဓာကိုယ် အနေအထား ၊ သူမရဲ့ အသားအရေ၊ မော်ဒယ်တစ်ယောက်ရဲ့ အဓိက အရည်အချင်းကြောင့် ပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့ အွန်ဆိုင်းက သရုပ်ဆောင်ဖက်ကို မကူးပဲ မော်ဒယ်လ်တစ်ယောက်အဖြစ်သာ စွဲစွဲမြဲမြဲ ကြိုးစားနေပေမယ့် မြန်မာ -ဂျပန် ဖက်စပ်ရိုက်ကူးမယ့် Yangon Run Way ဇာတ်ကားကြီးမှာတော့ ပါဝင်သရုပ်ဆောင်မယ်လို့ သိရတာကြောင့် သူမကို မေးကြည့်လိုက်တဲ့အခါ “ဒီကားလေးကို အွန်ဆိုင်း လက်ခံဖြစ်တာက ကိုဂျော်မရန် လာပြောတဲ့အချိန်မှာ ကာရိုက်တာက မော်ဒယ်လ်တစ်ယောက် ဖြစ်နေတဲ့အတွက် အရမ်းကို စိတ်ဝင်စားသွားတယ်။ နောက်တစ်ချက်က ဂျပန်က အနုပညာရှင်တွေနဲ့တွဲဖက်ရိုက်ရမှာရယ်၊ နောက်ပြီး ကျွန်မအရမ်းကို လေးစားအားကျပြီး ချစ်ခင်ရတဲ့ အမေမို့ ပါဝင်နေတဲ့ အတွက်ကြောင့် ရယ် အွန်ဆိုင်း ဒီကားလေးကို ၀မ်းသာအားရ လက်ခံဖြစ်ခဲ့ပါတယ်။ အွန်ဆိုင်းအတွက် ဒီကားရဲ့စိန်ခေါ်မှုက ကြီးကြီးမားမားတော့ မရှိဘူး။ ဒိုင်ယာလော့ခ်ကလဲ ပီစရာမလိုဘူး။ ဒီကားထဲမှာ တရုတ်အနွယ်ဝင် တစ်ယောက် ဆိုတော့လေ။ ထွေထွေထူးထူး မရှိဘူး။ ဒါပေမဲ့ ဒီဇာတ်ကားက ပုံမှန်ရိုက်နေကျ ကားတစ်ကား မဟုတ်တဲ့အတွက် နည်းနည်းတော့ သတိထားရမယ်။ ပရိသတ်တွေ စိတ်ဝင်စားကြမယ်။ ဇာတ်လမ်းထဲမှာ ဖက်ရှင်မော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ အတွက် ဖက်ရှင်ပိုင်းကိုတော့ အဓိက ထားရမယ်။

ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး အခုအခြေအနေအရတော့ ကျွန်မအတွက် ကံကောင်းမှုလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ဘယ်အရာမဆို ပြီးမှ ဆုံးဖြတ်သတ်မှတ်လို့ရတာဆိုတော့ နဲနဲတော့ အချိန်ကို စောင့်ကြည့်ရပါဦးမယ်။ ကျွန်မအတွက် ဒီဇာတ်ကားက ပြည်ပက အနုပညာရှင်တွေနဲ့ ဖက်ဆက်ရိုက်ကူးတယ် ဆိုပေမဲ့ လုပ်ရမယ့် ကာရိုက်တာက မော်ဒယ်တစ်ယောက်ဖြစ်တဲ့အတွက် ဖိအားသိပ်မရှိဘူး။ gym ဆော့တယ်။ အလှအပပိုင်းဆိုင်ရာနဲ့ပတ်သတ်ပြီးတော့ပေါ့။ ဒါတွေက ကျွန်မအပြင်မှာလဲ လုပ်နေကျအရာတွေဖြစ်တဲ့အတွက် အထူးတလည်ကြီး ပြင်ဆင်စရာတော့ မလိုဘူး။ တစ်ကားလုံး တောက်လျှောက်ကတော့ မော်ဒယ်နဲ့ပတ်သက်တာတွေကြီးပဲ။ ငိုခန်းဆိုလို့ နောက်ဆုံး တစ်ခန်းလောက်ပဲ ပါမယ်။ အဲ့ဒါကြောင့်ခံစားချက် နဲ့ပတ်သတ်တဲ့ အခန်းနဲ့ ပတ်သတ်ပြီးတော့လဲ အရမ်းမများတဲ့အတွက် သိပ်ပြီး ကျွန်မမစိုးရိပ်ဘူး။ ဒါပေမဲ့ အကောင်းဆုံတော့ ကြိုးစားသွားမယ်။”လို့ သူက ပြောပြသွားပါတယ်။

မော်ဒယ်တစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ အွန်ဆိုင်းက သူမရဲ့ ရပ်တည်မှုအကြောင်းကိုလည်း  “မော်ဒယ်ဆိုတာ သူများတွေအမြင်မှာတော့ အရမ်းကို လွယ်တယ်လို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်မအတွက်တော့ အရမ်းကို ခက်ခဲပါတယ်။ ခန္ဓာကိုယ် ထိန်းရတာကအစ၊ ဖက်ရှင်ပိုင်းက အစ၊ အသားအရေပိုင်းကအစ ၊ အတွင်းစိတ်နေစိတ်ထားကအစ အမြဲသတိထား ပြင်ဆင်ရတယ်ပေါ့။ သူများနိုင်ငံက မော်ဒယ်တွေနဲ့တွေ့ဆုံတဲ့အခါမှာလဲ ကျွန်မက မသိမ်ငယ်တတ်ဘူး။ ကျွန်မကိုယ် ကျွန်မအမြဲ ယုံကြည်မှု အပြည့်ရှိပါတယ်။ အွန်ဆိုင်းကတော့ အမြဲကြိုးစားနေတယ်။ ကျွန်မကို အားပေးပေးပါ။ ပြီးတော့ ကျွန်မအတွက်လဲ ဆုတောင်းပေးပါပေါ့။ နောက်ပိုင်း ဇာတ်ကားတွေ ဆက်ရိုက်ဖြစ်မရိုက်ဖြစ်က အခြေအနေအရပါ။ ကျွန်မရဲ့အဓိက ၀ါသနာက မော်ဒယ်တစ်ယောက် ဖြစ်နေတဲ့ အတွက်ကြောင့်ပါ”တဲ့။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top