iMyanmarHouse.com - Best Property Website for Myanmar
×









ခန္ဓာကိုယ်အတွက် မကောင်းသော အလေ့အထများကို ကျွန်ုပ်တို့ ဆက်လက်ပြုလုပ်လေ့ရှိကြပြီး အဓိကအကြောင်းရင်းများအနက် တစ်ခုမှာ လျစ်လျူရှုမှုပင် ဖြစ်သည်။ ထို့ကြောင့် သင့်ကျန်းမာရေးကို အမှန်တကယ် အန္တရာယ်ဖြစ်စေနိုင်သည့် နေ့စဉ်လုပ်လေ့ရှိသော အလေ့အထ အနည်းငယ်ကို ဖော်ပြပေးလိုက်ပါသည်။

အကယ်၍ သင်သည် ပရော်ဖက်ရှင်နယ်တစ်ဦးအဖြစ် အလုပ်လုပ်နေသူဖြစ်ပြီး သင်ကြိုက်သော ရုပ်ရှင်ဇာတ်ကား (သို့မဟုတ်) ရုပ်သံဇာတ်လမ်းတွဲ အမီကြည့်ရန် အိမ်ပြန်လာခြင်းမှာ ကောင်းသောအလေ့အထတစ်ခု မဟုတ်ပေ။ နေ့တိုင်းအချိန်အကြာကြီး ထိုင်နေခြင်းမှာ သင်ရှောင်ရှားသင့်သော ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်သည့် အလေ့အထတစ်ခုဖြစ်သည်။ ထိုင်နေမည့်အစား ပိုအကျိုးရှိမည့် အလုပ်တစ်ခုခုလုပ်ပါ။ (သို့မဟုတ်) လမ်းထွက်လျှောက်လိုက်ပါ။
လေ့ကျင့်ခန်း မလုပ်မီ (သို့မဟုတ်) အပြေးလေ့ကျင့်ခန်းမတိုင်မီ အကြောလျှော့ရန် ပျက်ကွက်ပါက ကြီးမားသော အမှားတစ်ခုဖြစ် သည်။ အကြောလျှော့ခြင်းက လေ့ကျင့်ခန်းလုပ်စဉ် ခန္ဓာကိုယ်ကို ဒဏ်ရာရရှိနိုင်သည့် အန္တရာယ်များကို လျော့ကျစေနိုင်ကြောင်း လေ့ လာမှုများက ဖော်ပြသည်။ အကြောလျှော့ပေးခြင်းကြောင့် သွေး လည်ပတ်မှုအားကောင်းစေပြီး ခန္ဓာကိုယ်အတွက် စွမ်းအင်ရရှိစေ သည်။

မြန်မြန်အိပ်မောကျတတ်ခြင်းမှာ ကျန်းမာရေးအတွက် ကောင်းသော်လည်း အိပ်စက်ချိန်ပိုများခြင်းမှာ ကျန်းမာရေးကို ဆိုးရွားနိုင်သည်။ မှန်ကန်သော အိပ်စက်ချိန်မှာ တစ်နေ့လျှင် ခုနစ်နာရီမှ ၁၀ နာရီကြား အိပ်စက်ရန်ဖြစ်ပြီး ပိုလျှင်သော်လည်းကောင်း၊ လျော့လျှင်သော်လည်းကောင်း ကျန်းမာရေးကို ထိခိုက်နိုင်သည်။ ထို့အပြင် ကောင်းစွာမအိပ်စက်ရခြင်းကြောင့်လည်း ပြဿနာများ ဖြစ်လာ နိုင်သည်။
နေ့စဉ်နေ့တိုင်း သင့်တင့်သော ရေပမာဏ သောက်သုံးခြင်း ထက် ကျန်းမာရေးအတွက် ကောင်းသောအချက်မရှိပေ။ ရေလုံ လောက်စွာ သောက်သုံးခြင်းမရှိပါက ခန္ဓာကိုယ်အတွက် အလွန်လို အပ်သော အရာတစ်ခုကို သင်က မပေးသကဲ့သို့သာ ဖြစ်ပေလိမ့် မည်။             

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top