iMyanmarHouse.com - Best Property Website for Myanmar
×










ဗီတာမင်ဒီလျော့နည်းခြင်းနှင့် ကျန်းမာသည့် အမျိုးသမီးငယ် များ စိတ်ဓာတ်ကျခြင်းကြား ဆက်စပ်မှုရှိကြောင်း အော်ရီဂွန်ပြည် နယ် တက္ကသိုလ်၏ လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

ခန္ဓာကိုယ်တွင်း ဗီတာမင်ဒီ လျော့နည်းနေသော အမျိုးသမီး ငယ်များတွင် သိသာသော စိတ်ဓာတ်ကျနေသည့် လက္ခဏာများ ပိုမိုတွေ့ရှိရသည်ဟု သုတေသီများက ပြောသည်။

စိတ်ဓာတ်ကျစေသည့် အကြောင်းရင်းများစွာရှိပြီး ပြင်းထန် သော အကြောင်းရင်းများရှိကာ ဗီတာမင်ဒီ နည်းပါးခြင်းကြောင့် စိတ်ဓာတ်ကျခြင်းမှာ သေးငယ်သော အစိတ်အပိုင်းမျှသာ ဖြစ်သည် ဟု အော်ရီဂွန်ပြည်နယ်တက္ကသိုလ်မှ သုတေသီ ဒေးဗစ်ကားက ပြော သည်။ ယခုလေ့လာမှုကို Psychiatry Research ဆေးပညာဂျာနယ် တွင် ဖော်ပြထားသည်။

ဗီတာမင်ဒီမှာ အရိုးကျန်းမာရေးနှင့် ကြွက်သားများ လုပ်ဆောင်ချက်အတွက် လိုအပ်သော အာဟာရဓာတ်ဖြစ်ပြီး ဗီတာမင်ဒီ ချို့တဲ့မှုမှာ ကိုယ်ခံအားစနစ် လုပ်ဆောင်ချက် ထိခိုက်ခြင်း၊ ကင်ဆာရောဂါအချို့ ဖြစ်ပေါ်ခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါတို့  ဖြစ်ပွားခြင်းနှင့် ဆက်နွှယ်မှုရှိသည်။

ဗီတာမင်ဒီနှင့် စိတ်ဓာတ်ကျခြင်းတို့မှာ ရာသီအလိုက် ပြောင်း လဲနိုင်သည်ဆိုခြင်းကို လူအများ ကြားဖူးကြသည်ဟု မိမိထင် ကြောင်း၊ ထို့ကြောင့် ယင်းနှစ်ခုကြား ဆက်နွှယ်သည်ဟု ယူဆခြင်း မှာ သဘာဝကျသည်ဟု အော်ရီဂွန်ပြည်နယ် တက္ကသိုလ်မှ ဇီဝဓာတု နှင့် ဇီဝရူပလက်ထောက်ပါမောက္ခ အက်ဒရီယန်ဂွမ်ဘာ့တ်က ပြော သည်။

လေ့လာမှုအတွင်း ပါဝင်သော အသက် (၁၈) နှစ်နှင့် (၂၅) နှစ် ကြားအရွယ် အမျိုးသမီးများထံမှ သွေးနမူနာများကို ရယူကာ ဗီတာ မင်ဒီပမာဏကို တိုင်းတာခဲ့ပြီး စိတ်ဓာတ်ကျသည့် လက္ခဏာများနှင့် ပတ်သက်၍ သုတေသီများက လေ့လာစောင့်ကြည့်ခဲ့ကြသည်။      

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top