iMyanmarHouse.com - Best Property Website for Myanmar
×

တောင်ကိုရီးယားသရုပ်ဆောင်မင်းသမီးဟာဂျီဝန်သည်ကိုရီးယားနှင့် တရုတ်ပူးပေါင်းရိုက်ကူးမည့် The Bad Man Must Die အမည်ရ ရုပ်ရှင်ဇာတ်ကား၌ ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းခံထားရမှုကို သေချာစွာစဉ်းစားနေကြောင်းဆိုသည်။

‘‘ဟာဂျီဝန်ဟာ The Bad Man Must Die ဇာတ်ကားမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံထားရပြီး ဇာတ်ညွှန်းကိုလည်း သေသေချာချာ လေ့လာဖတ်ရှုနေပါတယ်။ ဟာဂျီဝန်ဟာ တခြားပရောဂျက်တွေလည်း ကမ်းလှမ်း ခံထားရပါတယ်။ လက်ရှိအချိန် ထိတော့စဉ်းစားနေတုန်းပဲ။ ဘာမှမဆုံးဖြတ်ရသေးဘူး’’ဟု ဟာဂျီဝန်၏ အေဂျင်စီက ပြောသည်။

The Bad Man Must Die ရုပ်ရှင်ဇာတ်ကားသည် အချစ်၊ ဟာသနှင့် သည်းထိတ်ရင်ဖိုရုပ်ရှင်ဇာတ်ကားဖြစ်သည်။ တိုင်ပေသရုပ်ဆောင်မင်းသား ချန်ဘိုလင်းက ယင်းဇာတ်ကား၌ ခေါင်း ဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်မည်ဟု အတည်ပြုထားသည်။ ကေဒရာမာစတား ဟာဂျီဝန်သည် SBS ရုပ်သံလိုင်း၏ ဒရာမာဇာတ်လမ်းတွဲသစ် The Time I Loved You, 7000 Days ၌လည်း ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းခြင်းခံထားရသည်။    

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top