iMyanmarHouse.com - Best Property Website for Myanmar
×












“ကျွန်တော်ချမ်းသာလာမယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်။ ကျွန်တော်ချမ်းသာလာမယ်ဆိုတာကို တစ်မိနစ်တောင်သံသယမရှိခဲ့ဘူးလို့ ကျွန်တော်ထင်တယ်ဗျ” Warren Buffet
အထက်ပါစကားကတော့ Bill gatesကိုယ်တိုင်ယုံကြည်ကိုးစားတဲ့ …
Warren Buffetဆိုတဲ့ ကမ္ဘာ့ဒုတိယ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်ကြီးပြောခဲ့တဲ့စကားပါ။

သူဘာလို့ချမ်းသာအောင်မြင်နေလဲဆိုတာ သူပြောခဲ့တဲ့ စကားကိုကြည့်ရုံနဲ့သိနိုင်ပါတယ်။ အောင်မြင်တဲ့သူနဲ့ ကျရှုံးတဲ့သူမှာ ကွာခြားတာ တစ်ခုပဲရှိပါတယ်။အဲဒါကတော့ အောင်မြင်တဲ့သူက သူဘာပဲလုပ်လုပ်အောင်မြင်မယ်ဆိုတာကို အသည်းထဲက စွဲစွဲမြဲမြဲယုံကြည်နေပါတယ်။ သူ့ယုံကြည်ချက်အတွက် သူတာဝန်ယူရဲပါတယ်။ေ၀၀ါးမှုမရှိဘူး။ ယုံကြည်မှုကပြတ်သားလွန်းတယ်။ သူ့မှာ သူ့ယုံကြည်ချက်အတွက် ချမှတ်ထားတဲ့ အစီအစဉ်တွေ လည်းရှိတယ်။ အဲဒါတွေကိုလည်း မတွန့်မဆုတ် ဇွဲလုံ့လနဲ့အချိန်တိုင်းလုပ်ဆောင်နေတယ်။

ကျရှုံးတဲ့သူကတော့ ဘာလုပ်လုပ် အောင်မြင်မှမဟုတ်ပါဘူးလို့ စိတ်ထဲမှာ တိတ်တိတ်လေး ယုံကြည်နေတယ်။ အဲဒိယုံကြည်ချက်လေးကြီးမား လာအောင်လည်း အမျိုးမျိုးဆင်ခြေတွေ ပေးနေတယ်။ သူများစီးတဲ့ကားစီးချင်တာပဲသိတယ်။ အဲဒိကားစီးနေတဲ့သူ အဲဒိကားကို ဘယ်လိုရအောင်လုပ်ခဲ့လဲမသိချင်ဘူး။ အဲ့လူကြိုးစားခဲ့သလောက် မကြိုးစားချင်ဘူး။ ဘယ်ဟာလုပ်လုပ်အမြဲတမ်း ပြီးဆုံးအောင်မလုပ်ဘူး။ အမြဲအရှုံးပေးတတ်တယ်။ ကံတရားကို ကိုးကွယ်လွန်းတယ်။

ဆိုးရိုးတစ်ခုရှိတယ်။”အောင်မြင်ဖို့အတွက် ကံတရားလိုတယ်ဆိုတာကို ကျရှုံးတဲ့သူတိုင်းကိုမေးကြည့်ပါ။ သူတို့ထောက်ခံလိမ့်မယ်တဲ့”အဲဒိတော့သင်ရောဘယ်လိုအမျိုးအစားထဲမှာပါပါသလဲ? အကယ်၍အောင်မြင်ချင်တယ် ဆိုရင်တော့ ပြုပြင်သင့်တဲ့အရာအချို့ကို စပြီးပြုပြင်ပါတော့။ အခုအောင်မြင်နေတဲ့သူတွေ အားလုံးလည်း ကျရှုံးဖူးကြပါတယ်။ဒါပေမဲ့သူတို့က အဲဒါကိုကျရှုံးတယ်လို့မယူဆပါဘူး။မအောင်မြင်သေးတာလို့ပဲယူဆပါတယ်။
ဘာလို့လဲဆိုတော့သူတို့ရင်ထဲအသဲထဲမှာ အောင်မြင်ရမယ်ဆိုတာကိုယုံကြည် ပြီးသားပါ။
“ကြီးမားသောအခက်အခဲများနှင့်ရင်ဆိုင်ဖူးသူသာ ကြီးမားသောအောင်မြင်မှုကိုရနိုင်သည်”

Credit : မိုးရှင်း(I.M.T)

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top