iMyanmarHouse.com - Best Property Website for Myanmar
×











ပိုတက်ဆီယမ်၊ သွပ်ဓာတ်၊ သံဓာတ်စသည်တို့ကဲ့သို့ သတ္တုဓာတ်များ နှင့်အတူ ဗီတာမင် အေ၊ ဘီ၊ စီနှင့် အီးတို့ အပါအ၀င် အာဟာရဓာတ် များ ကြွယ်ဝစွာပါဝင်သည့် ငှက်ပျောသီးမှာ အားကောင်းသော စွမ်းအင်ရင်းမြစ်တစ်ခု ဖြစ်သည်။ ငှက်ပျောသီးစားခြင်းကြောင့် ရရှိ မည့် ကျန်းမာရေးအကျိုးကျေးဇူးအချို့ကို ဖော်ပြပေးလိုက်ပါသည်။

ငှက်ပျောသီးတွင် ပါဝင်သော ပိုတက်ဆီယမ်က သွေးပေါင်ကို ထိန်းသိမ်းပေးပြီး သွေးမတိုးစေရန် ကာကွယ်ပေးနိုင်ကြောင်း လေ့ လာမှုများအရ သိရသည်။ ဗီတာမင်ဘီ ကြွယ်ဝစွာပါဝင်သောကြောင့် ငှက်ပျောသီးပုံမှန်စားပေးပါက အာရုံကြောလုပ်ဆောင်ချက်ကို အားကောင်းစေပြီး လေ့လာသင်ယူနိုင်မှု စွမ်းရည်များ မြင့်တက် လာစေသည်။

ငှက်ပျောသီးကို ပုံမှန်စားသုံးခြင်းဖြင့် လေဖြတ်နိုင်သည့် အန္တရာယ်များကို လျှော့ချပေးနိုင်သည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း များနှင့် အစားအသောက်ဆိုင်ရာ အမျှင်ဓာတ်များ ပါဝင်သည့် ငှက် ပျောသီးစားပေးခြင်းဖြင့် ကင်ဆာရောဂါဖြစ်နိုင်သည့် အန္တရာယ်များ ကိုလည်း လျော့ကျစေနိုင်သည်။

ငှက်ပျောသီးတွင် ပါဝင်သော ကောင်းကျိုးဖြစ်စေသည့် ဘက် တီးရီးယားများက ခန္ဓာကိုယ်ထဲ၌ ကယ်လ်ဆီယမ်ဓာတ်ကို စုပ်ယူ ကြောင်း သိရသည်။ ထို့ကြောင့် ငှက်ပျောသီးစားခြင်းကြောင့် အရိုး များကို ပိုမိုအားကောင်းလာစေနိုင်သည်။

ငှက်ပျောသီးတွင် ပါဝင်သော ကောင်းကျိုးဖြစ်စေသည့် ဘက်တီးရီးယားများက အာဟာရဓာတ်များကို စုပ်ယူနိုင်သည့် အင် ဇိုင်းများထုတ်လုပ်မှုကို အထောက်အကူဖြစ်စေသဖြင့် အစာချေ ဖျက်မှု စွမ်းရည်ကို အားကောင်းစေသည်။ ထို့ပြင် ခန္ဓာကိုယ်ကို အန္တရာယ်ပေးမည့် မလိုလားအပ်သော ဘက်တီးရီးယားများကို တိုက်ထုတ်ကာကွယ်ပေးသည်။ အရေပြား (သို့မဟုတ်) အခြား တစ်သျှူးများကို တင်းရင်းစေသော ဆေးဝါးကဲ့သို့ ဓာတ်တစ်မျိုး ငှက်ပျောသီးတွင် ပါဝင်သဖြင့် ၀မ်းလျှောခြင်းကို ကုသရာ၌ အစွမ်း ထက်သည်။

ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်စေသော ဓာတုပစ္စည်း တစ်မျိုးလည်း ငှက်ပျောသီးတွင် ပါဝင်သဖြင့် ၀မ်းချုပ်ခြင်းသက်သာ စေရန် အထောက်အကူပြုကာ အူမကြီးလုပ်ဆောင်ချက်ကို တိုး တက်စေနိုင်သည်။

ထို့ပြင် ငှက်ပျောသီးစားခြင်းကြောင့် စိတ်ဓာတ်ကျခြင်းကို ကာကွယ်ပေးနိုင်ခြင်း၊ ကြွက်တက်ခြင်းကို ကာကွယ်နိုင်ခြင်း၊ သွေးထဲသကြားပါဝင်မှုကို ထိန်းသိမ်းပေးနိုင်ခြင်းနှင့် ကျောက်ကပ် ကင်ဆာရောဂါ အန္တရာယ်များကို ကာကွယ်နိုင်ခြင်းတို့ အပါအ၀င်အ ခြားအကျိုးကျေးဇူးများစွာ ရှိသည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top