iMyanmarHouse.com - Best Property Website for Myanmar
×










ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်မလေးတစ်ယောက် (သို့) ကိုယ့်ချစ်သူနဲ့ ဖုန်းပြောရတာကို အချိန်ဖြုန်းနေတယ်လို့ သင်ထင်နေပါသလား။ ဒါပေမယ့် သင့် ကောင်မလေးကတော့ ထင်မှာမဟုတ်ပါဘူး။ ယောကျာ်းတွေနဲ့ မိန်းမတွေဟာ မတူညီနိုင်တဲ့ နှစ်သက်သဘောကျမှုတွေ ရှိပါတယ်။ ဥပမာ ဈေးဝယ်ထွက်ခြင်း ၊ ရုပ်ရှင်အတူကြည့်ခြင်း ၊ ဖုန်းပြောတာမျိုးတွေပါ။ နေ့စဉ် ကိုယ့်ချစ်သူနဲ့ ဖုန်းပြောခြင်းဟာ အချစ်ရေးမှာ မိန်းမတွေအတွက် ရှိကိုရှိနေသင့်တဲ့ ကိစ္စပါ။ ဒါဆို သင့်ရဲ့ ကောင်မလေးကို ဖုန်းထဲကနေ စကားပြောတဲ့အခါ မှာ အဆင်ပြေစေမယ့် အချက်လေးတွေရှိပါတယ်။

၁။နေ့စဉ် ဘ၀ဖြတ်သန်းမှုလေးတွေပြောပါသင့်ရဲ့နေ့စဉ် ဘ၀ကို ပြောရတာ ပျင်းစရာကောင်းတယ်လို့ သင်မထင်ပါနဲ့။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် နေ့စဉ်ဘ၀တွေအကြောင်း ပြောပေးခြင်းဟာ နှစ်ယောက်ကြားက နားလည်မှုတွေကို ပို စေပါတယ်။

၂။ ရုပ်ရှင်တွေနဲ့ သီချင်းအကြောင်းတွေပြောပါချစ်သူချင်း ရုပ်ရှင်နဲ့သီချင်တွေအကြောင်း ပြောရတာဟာ အပျင်းပြေစေပါတယ်။

၃။ဖြေရတာလွယ်ကူတဲ့ မေးခွန်းလေးတွေမေးပါဟုတ်တယ် ၊ မဟုတ်ဘူးပဲ ဖြေစရာလိုတဲ့ မေးခွန်းလေးတွေကို မေးပေးပါ။ ဥပမာ- သူမကြိုက်တဲ့ အ၀တ်အစားတွေ အကြောင်း မေးတာမျိုးလေးတွေ ၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းအပေါ် သူမရဲ့ ထင်မြင်ချက်လေးတွေ အစရှိတာတွေ နဲ့ သူမကို ကောင်းစွာ ဖျော်ဖြေမှုပေးနိုင်ပါစေ။

၎။ခဏခဏပြန်မမေးပါနဲ့သိပ်အရေးမကြီးတဲ့ ကိစ္စလေးတွေအတွက် သူမကို ထပ်ခါထပ်ခါ ပြန် မေးနေခြင်းဟာ တကယ်ပြောနေတဲ့ အကြောင်းအရာကို မရောက်ပဲ တိုင်ပတ်သွားနိုင်ပါတယ်။

၅။ချစ်တဲ့အကြောင်းတွေသိပ်ပြီးဖွင့်မပြောပြပါနဲ့သူမကို လိုချင်တက်မက်စိတ်တွေနဲ့သာ ထားခဲ့လိုက်ပါ။ James Bond ဟာ ဘာလို့ ဆွဲဆောင်မှု အရှိဆုံး ယောကျာ်းဖြစ်နေတာလဲဆိုရင် သူ့ရဲ့ ခန့်မှန်းလို့မရတဲ့ ခပ်ပြတ်ပြတ် အမူအရာနဲ့ စကားပြောဆိုပုံတွေကြောင့်ပါ။ ဒါကြောင့် ဆယ်ကျော်သက်လေးတွေလို ချစ်တဲ့အကြောင်းတွေ တဖွဖွမပြောပါနဲ့။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top