iMyanmarHouse.com - Best Property Website for Myanmar
×










“ ပုခက်လွဲတဲ့လက်က ကမ္ဘာကိုအုပ်စိုးနိုင်တယ်” ဆိုတဲ့ဆိုရိုးစကားလေး ဟာ မိခင်တွေကို ကိုယ်စားပြုပြောဆိုထားတာဖြစ်ပါတယ်။ရှေးခတ်တုန်းက မိသားစုတစ်စု မှာ သမီးမိန်းကလေး တစ်ယောက်မွေးဖွားရင် ဂုဏ်ယူဝင့်ကြွားစွာနဲ့ ချီးမြှောက်မှုတွေပြုလုပ်ကြပါတယ်။ ။ဒါဟာ လူသားမျိုးဆက်သစ်တွေကို မွေးထုတ်ပေးဖို့ မိခင်လောင်းတစ်ဦး ပေါ်ထွက်လာခြင်းအနေနဲ့ ဝမ်းမြောက်စွာ ဂုဏ်ပြုကြခြင်းဘဲဖြစ်ပါတယ်။ ဒါကြောင့် လူသားမျိုးဆက်အတွက် အမျိုးသမီးထုဟာ တကယ်ကိုအရေးကြီးပါတယ်။ဒါပေမယ့် ကလေးတစ်ယောက်ကို ကျန်းမာစွာ မွေးဖွားပေးနိုင်ဖို့အတွက် မိခင်လောင်းတစ်ယောက်ဟာ ကျန်းမာရေးပြည့်စုံဖို့ လိုအပ်ပါတယ်။

မကျန်းမာတဲ့မိခင်တစ်ယောက်ဆီက မွေးဖွားလာတဲ့ကလေးတစ်ယောက်ဟာကျန်းမာတဲ့ကလေး
တစ်ယောက်မဖြစ်လာနိုင်သလို လူ့အသိုင်းအဝိုင်းကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့မျိုးဆက်သစ်ကလေးတွေကို မွေးဖွားနိုင်ဖို့ မိခင်လောင်းတွေဖြစ်တဲ့ အမျိုးသမီးတွေဟာ ကျန်းမာဖို့အရေးကြီးပါတယ်။

အဓိကအားဖြင့်အမျိုးသမီးတွေမှာလစဉ်ဓမ္မတာသွေးဆင်းမှုတွေဟာ သွေးအားလျော့ကျစေမှု
တစ်မျိုးဖြစ်ပါတယ်။ ဒီလို ကုန်ဆုံးသွားတဲ့ သွေးတွေကို ပြန်လည်ဖြည့်တင်းဖို့အတွက် အမျိုးသမီးတွေဟာ အစားအစာတွေကို အာဟာရပြည့်အောင်စားသောက်ကြဖို့လိုပါတယ်။အဓိကအားဖြင့် သွေးအားပြည့်စေဖို့ သံဓာတ်ပါဝင်တဲ့ အစားအစာတွေကို များများစားပေးဖို့လိုကြောင်းလေ့လာသိရှိရပါတယ်။

အများအားဖြင့် အစားအသောက် မမှန်ကန်သူတွေ၊ မကြာခဏ သွေးလှူဒါန်းသူတွေ၊ သက်သတ်လွတ်စားတတ်တဲ့သူတွေ နဲ့ အပျိုဖော်ဝင်စမိန်းကလေးတွေ မှာ သွေးအားနည်း ရောဂါအဖြစ်များတတ်ကြောင်း သိရှိရပါတယ်။ ရောဂါလက္ခဏာရပ်တွေကတော့ မူးဝေခြင်း ၊ အားမရှိသလိုခံစားရခြင်း၊ အသက်ရှုမဝခြင်း၊ခြေထောက်တွေ ထုံကျဉ်ခြင်း၊ ခြေဖျားလက်ဖျားအေးခြင်း၊ နှလုံးခုန်မမှန်ခြင်း၊လက်သည်းများချိင့်ဝင်ခြင်း၊ အသားအရေ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း ၊ လျှာမှာ အပူဖုထွက်ခြင်း၊ လျှာမှာ နီရဲနေခြင်း နဲ့ ခေါင်းကိုက်ခြင်းတို့ဘဲဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မှာ သံဓာတ်အားနည်းပြီး သွေးအားနည်းရောဂါဖြစ်လာတဲ့အခါ လမစေ့ဘဲ ကလေးမွေးဖွားတတ်ကြပါတယ်။ မွေးဖွားလာတဲ့ ကလေးမှာလည်း အလေးချိန်မပြည့်ဘဲ ကြီးထွားနှုန်းကိုပါ နှေးကွေးစေပါတယ်။ ကလေးအတွက် ကိုယ်ခံအားစနစ်ကို လည်း အားနည်းစေတာကြောင့် ပြင်ပရောဂါတွေ ဝင်ရောက်လွယ်ကူစေပါတယ်။

ဒါကြောင့်တတ်ကျွမ်းနားလည်တဲ့ဆရာဝန်တွေ က အခုလိုသွေအားနည်းရောဂါကို ပျောက်ကင်းစေဖို့ သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို စားသောက်ဖို့လမ်းညွန်ကြပါတယ်။ အနီရောင်အသား၊အစိမ်းရင့်ရောင်အရွက်၊ အခွံမာသီး ၊ ကွေကာအုပ်၊ ဗီတာမင်စီများတဲ့အသီးများ၊ အရွက်များ၊စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး၊ မာလာကာသီး ၊လိမ္မော်သီး၊ စပျစ်သီး၊ကင်ပန်းချဉ်ရွက်၊ချဉ်ပေါင်ရွက် တို့မှာ သံဓာတ်ကိုအားကောင်းစေတဲ့အစားအစာတွေဖြစ်ပါတယ်။အမျိုးသမီးတွေအနေနဲ့ စားသုံးသင့်တဲ့ အစားအစာတွေဖြစ်ပါတယ်။

ဒါပေမယ့် လက်ဖက်ရည်ကြမ်း ၊လက်ဖက်သုပ်၊ ကော်ဖီ၊ လက်ဘက်ရည်၊ ပဋိဇီဝဆေးများတွေဟာ သံဓာတ်စုပ်ယူမှုကို ဟန့်တားစေတဲ့အစားအစာတွေဖြစ်တာကြောင့် သတိထားပြီး စားသင့်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ လက်ဖက်သုပ်ကို ထမင်းစားပြီး နာရီဝက်လောက်ကြာမှ စားသုံးသင့်ကြောင်းဆေးပညာရှင်တို့က လမ်းညွှန်ထားကြပါတယ်။

ဒါဟာ ကမ္ဘာကိုပုခက်လွဲမယ့် မိခင်များအနေနဲ့ မိမိတို့ရဲ့ ရင်သွေးရတနာများကို ကျန်းမာသန်စွမ်းစွာမွေးထုတ်ပေးနိုင်ဖို့ သတိမူစရာ အချက်ဖြစ်ပါတယ်။ ဒါကြောင့်အမျိုးသမီးတွေအနေနဲ့ မိမိတို့ကိုယ်ကို သွေးအားကောင်းစေဖို့အထူး ဂရုစိုက်သင့်ပါတယ်။ မိမိရဲ့ ပေါ့ဆမှုတွေဟာ မိမိတို့ရဲ့ ရင်သွေးတွေဆီအပေါ် အများကြီး အကျိုးသက်ရောက်မှုရှိစေမှာဖြစ်တာကြောင့် သံဓာတ်ပြည့်ဝ သွေးအားကောင်းစေဖို့ အမျိုးသမီးထုအတွက် ဖော်ပြလိုက်ပါတယ်။

Credit : YangonLife

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top