iMyanmarHouse.com - Best Property Website for Myanmar
×














သရုပ်ဆောင် အဆိုတော် တစ်ဦး ဖြစ်သည့် ရတနာမိုင်က သူ၏ သရုပ်ဆောင်မှုနှင့် ပတ်သက်ပြီး ပရိသတ်များ၏ ဝေဖန်မှုကြောင့် စိတ်ကျေနပ်မှု ရရှိ နေကြောင်း ပြောသည်။ ညီမ အနေနဲ့ ပရိသတ်ဆီက ညီမ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီးတော့ ဝေဖန် အကြံပြုချက်တွေက ကောင်းသည် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ ဝေဖန် အကြံပြု တာလေးတွေကို ကျေနပ်ပါတယ်။

 ဘာဖြစ်လို့လဲ ဆိုတော့ ပရိသတ်တွေက ကောင်းစေချင်လို့ ဒီထက်ပိုပြီး တိုးတက် စေချင်လို့ ဝေဖန်အကြံပြုချက်တွေပေးတာပါ။ လူတွေ အားလုံးရဲ့ စိတ်က အခြား လူတစ်ယောက်ကို အောင်မြင်စေချင်တယ်။ ကောင်းစေချင်တဲ့ အတွက် ကောင်းမွန်တဲ့ အကြံဉာဏ်တွေ ပေးကြတယ်။ နောက်ပြီး မိဘတွေကလည်း သူတို့ရဲ့ သားသမီးတွေကို ကောင်းစေချင်လို့ ဆူကြတယ်။  ဒီလို သဘော တရားလေး ပါပဲ။

 ညီမက အဆိုပိုင်းကနေ ပြီးတော့ နောက်ထပ် အနုပညာ လှုပ်ရှားမှု တစ်ခုအနေနဲ့ သရုပ်ဆောင်ပိုင်းကို ၀င်လာတာ သိပ်မကြာသေး တော့  ဒီလို ဝေဖန်မှုလေးတွေက ညီမအတွက် ကောင်းမွန်တဲ့ လက္ခဏာလေးတွေလို့ ထင်ပါတယ်။ သရုပ်ဆောင်ပိုင်း ကိုလည်း ညီမ အနေနဲ့ အဆိုပိုင်းမှာ အောင်မြင်သလို အောင်မြင်အောင်  ကြိုးစားသွား မှာပါ ဟု ရတနာမိုင်က ပြောသည်။ ရတနာမိုင်မှာ လက်ရှိတွင် ၂၀၁၅-သင်္ကြန်ခွေ များတွင် ပါဝင်သီဆို ထားပြီး၊ ယခုနှစ်အတွင်း ပရဟိတ လုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် အတွက် စီစဉ်နေကြောင်း သိရသည်။

Credit : messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top