iMyanmarHouse.com - Best Property Website for Myanmar
×

တောင်ကိုရီးယားနာမည် ကျော် သရုပ်ဆောင်မင်းသား ကင်ဆူဟွန်းသည် Jeju Air စရိတ်နည်းလေကြောင်းလိုင်း၏ မော်ဒယ်အဖြစ် သဘောတူစာ ချုပ်ချုပ်ဆိုလိုက်သည်ဟု Jeju Air လေကြောင်းလိုင်းက မတ်လ ၁၆ ရက်တွင် ကြေညာသည်။

ကေဒရာမာကြယ်ပွင့် ကင် ဆူဟွန်းသည် လာမည့်နှစ်တွင် Jeju Air ၏ ပရိုမိုးရှင်းပွဲများနှင့် ကြော်ငြာများ၌ ပါဝင်ရန်သဘော တူထားသည်။ ‘‘အာရှမှာ အကောင်းဆုံးစရိတ်နည်းလေ ကြောင်းလိုင်းဆိုတဲ့နာမည်ရရှိဖို့ Jeju Air ရဲ့ မော်ဒယ်အဖြစ် ကင် ဆူဟွန်းကို ရွေးချယ်ခဲ့တာပါ’’ဟု Jeju Air ပြောရေးဆိုခွင့်ရသူတစ် ဦးက ပြောသည်။

Jeju Air လေကြောင်းလိုင်း သည် တောင်ကိုရီးယားနှင့် အာရှ နိုင်ငံများအကြား နိုင်ငံတကာခရီး လမ်းကြောင်းပေါင်း ၂၄ ခု ပျံသန်း ပြေးဆွဲနေသည်။ ယင်းလေ ကြောင်းလိုင်းသည် အာရှဈေး ကွက်ကိုဆွဲဆောင်ရန် Big Bang ကေပေါ့ပ်အဖွဲ့၊ ကေဒရာမာ ကြယ်ပွင့် လီမင်ဟိုနှင့် အခြား သော နိုင်ငံတကာနာမည်ကျော် များကို ၎င်းတို့လေကြောင်းလိုင်း မော်ဒယ်များအဖြစ် အသုံးပြုခဲ့ သည်။

တောင်ကိုရီးယားနိုင်ငံ၌ လူ ကြိုက်အများဆုံးနာမည်ကျော် ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံရသော ကင်ဆူဟွန်းသည် KBS ရုပ်သံ လိုင်း၏ ဒရာမာဇာတ်လမ်းတွဲသစ် Producers ၌ ပါဝင်သရုပ်ဆောင် မည်ဟု အတည်ပြုထားသည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top