iMyanmarHouse.com - Best Property Website for Myanmar
×









သာမန်ချစ်သူတွေနဲ့စာရင် အနေဝေးနေကြတဲ့ ချစ်သူစုံတွဲတွေဟာ ပိုပြီးတော့ သံယောဇဉ်ကြီးကြတယ်၊ မြဲကြတယ်၊ နက်နက်ရှိုင်းရှိုင်း ချစ်ကြတယ်၊ အဆက်အသွယ်ပိုလုပ် ဖြစ်ကြတယ် လို့  လေ့လာမှုသစ်တစ်ရပ်က ဆိုပါတယ်။ ခြုံပြောရရင်တော့ မြေနေရာဒေသ ဝေးကွာနေတဲ့သူတွေမှာ ပိုပြီးတော့ စိတ်ကျေနပ်စရာကောင်းတဲ့ ဆက်ဆံမှုတွေရှိတယ် လို့ဆိုလိုတာပါ။

ဟောင်ကောင်နဲ့ ဂျက်ဖရီ ဟန်းကော့ခ် တက္ကသိုလ်မှ သုတေသီဖြစ်တဲ့ ဒေါက်တာ ခရစ်စတယ်ကျန်း က အနေနီးတဲ့ ချစ်သူစုံတွဲတွေနဲ့ အနေဝေးခွဲခွာနေရတဲ့ ချစ်သူစုံတွဲတွေကို နေ့စဉ် ဆက်ဆံ၊တုံ့ပြန်မှုတွေနဲ့ ပတ်သက်ပြီး သတင်းပို့စေပါတယ်။ လူတွေ့၊ ဖုန်း၊ ဗွီဒီယိုchat, ဖုန်းmessage ပို့၊ စာပို့၊ email ပို့ စတဲ့နည်းလမ်းပေါင်းစုံနဲ့ စုံတွဲတွေရဲ့ သတင်းပေးပို့မှုကို ရယူခဲ့ပါတယ်။

ဒေါက်တာကျန်းဟာ စုံတွဲနှစ်မျိုးကို တစ်ပတ်ခန့်အကြာ နှိုင်းယှဉ်လေ့လာပြီးတဲ့ အခါမှာတော့ အနေဝေးနေရတဲ့ ချစ်သူတွေဟာ ပိုပြီး ရင်းရင်းနှီးနှီးနဲ့ နွေးထွေးကြတယ်ဆိုတာ ကိုသိရှိခဲ့ရပါတယ်။ အနေဝေးနေတဲ့ချစ်သူတွေက ပိုပြီးတော့ ချစ်သူနဲ့ရင်းနှီးမှုပိုရှိနေပြီး ချစ်သူရဲ့ အမူအကျင့်တွေကအစ ပိုသိနေကြတာပါ။ မြေနေရာဒေသ ဝေးကွာနေကြတဲ့ ချစ်သူစုံတွဲတွေဟာ နီးတဲ့စုံတွဲတွေထပ် ပိုသာတဲ့ ဆက်ဆံရေးတွေရှိနေပါတယ်။ မြေနေရာဒေသဝေးကွာပြီး ချစ်သူတွေဖြစ်နေတာဟာ ယနေ့ခေတ်မှာပိုပြီးခေတ်စား လာပါတယ်။ အကြောင်းအမျိုးမျိုး ကြောင့်ဝေးကွာနေရပေမယ့် တစ်ဦးနဲ့တစ်ယောက် ဆက်သွယ်ဖို့ကို ဆက်သွယ်ရေးနည်းပညာ ပေါင်းစုံကို အသုံးပြုပြီး ကြိုးစားဆက်သွယ်ကြတာပါ။

မကြာသေးမီက စာရင်းတွေအရ အမေရိကန်မှ အိမ်ထောင်သည် ၃သန်းခန့်ဟာ ခွဲခွာနေကြတယ်၊ တက္ကသိုလ် ကျောင်းသား၊ကျောင်းသူ တွေရဲ့ ၂၅ကနေ၅၀ရာခိုင်နှုန်း အထိအရေအတွက်ဟာ အနေဝေး ချစ်သူတွေဖြစ်နေကြတယ်၊ အဲ့ဒီ့ထဲကမှ ၇၅ရာခိုင်နှုန်းလောက်ဟာ စေ့စပ်ထားပြီးသွားကြပြီ ဆိုတဲ့အကြောင်း သိရပါတယ်။ တစ်နည်းနဲ့ပြောရမယ်ဆိုရင်တော့ အနေဝေးနေရတဲ့ချစ်သူတွေဟာ အခက်အခဲတွေကို ရုန်းကန်ကြရတယ်။

‘ယဉ်ကျေးမှုထုံးထမ်းတွေအရဆိုရင်တော့ တစ်ဦးနဲ့တစ်ယောက် ထိတွေ့နေမှ၊ မျက်နှာချင်းဆိုင်တွေ့နေမှ ရင်းနှီးတဲ့ဆက်ဆံရေးတွေ ဖြစ်လာစေတယ်တဲ့။ ဒါပေမဲ့ အနေဝေးနေရတဲ့ ချစ်သူတွေရဲ့ ဆက်ဆံရေးက ပိုပြီး ထူးခြားပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် အနေဝေးချစ်ခြင်း အပေါ်မှာ မကောင်းမြင်တာမျိုးတော့ မဖြစ်သင့်ပါဘူး။ မြေနေရာဒေသ ဝေးကွာနေကြတဲ့ချစ်သူ တွေဟာ နီးကပ်နေသူတွေထက် ရင်းနှီးမှုရယူဖို့ ကြင်နာရဖို့ကို ပိုပြီးတော့ ရုန်းကန်ကြိုးစားကြရပါတယ်။ ကြိုးစားသလောက်လည်း ပြန်ရကြတယ်လေ။’ လို့ဒေါက်တာ ကျန်းကပြောခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top