iMyanmarHouse.com - Best Property Website for Myanmar
×














သရုပ်ဆောင်လောကတွင် နေရာတစ်နေရာ  ရလာပြီဖြစ်သည့်  သွန်းဆက်က ကာရိုက်တာ စုံအောင် ရိုက်ချင်သော်လည်း ပရိသတ်၏ လက်ခံမှု မရမည်ကို ကြောက်၍ အချိန်ယူ နေရကြောင်း၊ လက်ရှိတွင် ဟာသကားများသာ အရိုက်များနေကြောင်း ပြောသည်။

ညီမအနေနဲ့ တအားကြီး တာဝန်ယူရ မယ့် ဇာတ်ကောင်၊ ဇာတ်ရုပ်တွေကိုတော့ လက်ခံရိုက်ကူးနိုင်ဖို့ ကြိုးစားနေ ပါတယ်။ လတ်တလော တော့ လူငယ်ဖန်စီကားလေးတွေ၊ နောက်ပြီး ဟာသကားလေးတွေကို ရိုက်ပြီးတော့ ပရိသတ် အားပေးမှု ရရှိအောင် ကြိုးစားနေ ဆဲပါ။ အဲဒီလိုအချိန်ယူပြီး ကာရိုက်တာစုံ ရိုက်နိုင်ဖို့ စောင့်နေတယ်ဆိုတာကလည်း ညီမအနေနဲ့ တက်သစ်စ မင်းသမီး တစ်လက် ဖြစ်နေတာရယ်၊ နောက်ပြီး ဒီလိုအခြေအနေမျိုးမှာ အရမ်း တာဝန်ယူရတဲ့ ဇာတ်ရုပ်တွေ သရုပ်ဆောင်မယ် ဆိုရင် ဥပမာ ဗီလိန်ကြီးတဲ့ ကာရိုက်တာတွေ သရုပ်ဆောင်မယ်ဆိုရင် ပရိသတ်မုန်းသွားမှာ စိုးလို့ပါ။

ညီမ အနေနဲ့ သရုပ်ဆောင် အပိုင်းမှာ ကိုယ့်ဘက်က အကောင်းဆုံး သရုပ်ဆောင်နိုင်မယ်လို့ ယုံကြည်မှုရရှိတဲ့ အချိန်ကျရင် ကာရိုက်တာ ပုံစံ မျိုးစုံကို ပရိသတ်တွေ လက်ထဲ ချပြသွား မှာပါ။ အဲဒီအတွက်လည်း ညီမဘက်က အကောင်းဆုံး ကြိုးစားနေ ပါတယ် ဟု သရုပ်ဆောင် သွန်းဆက်က ပြောသည်။ သွန်းဆက်သည် ဟာသ၊ အချစ်၊ ဖန်စီ ဇာတ်လမ်းများကို အရိုက်များ နေပြီး၊ ယခုနှစ်တွင် ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားတွင် ပါဝင် သရုပ်ဆောင်ရန် ရှိကြောင်း သိရသည်။

Credit : messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top