iMyanmarHouse.com - Best Property Website for Myanmar
×















Miss တစ်ဦးဖြစ်သည့် ဂျူးစံသာက သရုပ်ဆောင် အနုပညာ လောကထဲကို ၀င်ရန် ပြင်ဆင်နေကြောင်း ပြောသည်။ မော်ဒယ် တစ်ယောက် ကနေ သရုပ် ဆောင် အနုပညာရှင် တစ်ယောက် ဖြစ်ဖို့ဆိုတာ ကတော့ ခက်ခဲမယ်ဆိုတာ ညီမသိပါတယ်။ ဒါပေမဲ့ ညီမ ခံယူ ထားတဲ့ အနုပညာနဲ့ ပတ်သက်ရင် အကုန်လုပ်နိုင် ရမယ် ဆိုတဲ့ စိတ်ကြောင့် သရုပ်ဆောင် လုပ်ဖို့ကို ဒီစိတ်က တွန်းအားပေးလို့ လုပ်ဖြစ်တာပါ။

ညီမ ငယ်ငယ်လေးကတည်း ကလည်း သရုပ်ဆောင် အနုပညာရှင်တွေကို အားကျသလို ညီမကိုယ်တိုင်လည်း ပရိ သတ်လက်ခံတဲ့ သရုပ်ဆောင် အနုပညာရှင် တစ်ယောက် ဖြစ်ချင်ခဲ့ တာပါ။ အဲဒီအတွက် လည်း သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်ဖို့အတွက် သင်တန်းတွေတက်ပြီးတော့ ကြိုတင် ပြင်ဆင်နေ ပါတယ်။ အခု လတ်တလောတော့ စာမေးပွဲ ဖြေနေရတဲ့ အတွက် ညီမ ၀ါသနာပါတဲ့ အနုပညာ အလုပ်တွေကို ခဏနားထားရ ပါတယ်။

 စာမေးပွဲ ပြီးရင်တော့ သရုပ်ဆောင် အလုပ်တွေ ကို တစိုက်မတ်မတ် လုပ်သွားမှာပါ။ ညီမရဲ့ အနုပညာအပေါ် အမြင်ကတော့ ကောင်းမွန်တဲ့ အနုပညာ ဖန်တီးမှုတွေကို ပရိသတ်တွေ အတွက် တင်ဆက်နိုင်တာကို အနုပညာလို့ ထင်ပါတယ် ဟု ဂျူးစံသာက ပြောသည်။ ဂျူးစံသာသည် အနုပညာ အလုပ်များကို ခေတ္တနား ထားကာ စာမေးပွဲ ဖြေဆိုပြီးမှသာ ပြန်လည် လုပ်ကိုင် သွားမည် ဖြစ်ကြောင်း ပြောသည်။

Credit : messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top