iMyanmarHouse.com - Best Property Website for Myanmar
×










အမေရိကန် အဆိုတော် တေလာဆွစ်ဖ်သည် ၎င်း၏ ကျော်ကြားမှုအပေါ် အခြား သူများဝင်ရောက်အမြတ်ထုတ် ခြင်းကို တားဆီးသည့်အနေဖြင့် TaylorSwift.porn နှင့် Taylor Swift.adult ဝက်ဘ်ဆိုက်လိပ်စာ နှစ်ခုကို ဝယ်ယူလိုက်သည်ဟု CNN သတင်းက ဖော်ပြသည်။

တေလာဆွစ်ဖ်သည် နာမည်ပါဝင်သော ဝက်ဘ်ဆိုက်လိပ်စာ နှစ်ခုကို ဝယ်ယူခြင်းဖြင့် ၎င်း၏ ကျော်ကြားမှုကို အသုံးပြု၍ ညစ်ညမ်းဝက်ဘ်ဆိုက်များသို့ လူများ ခေါ်ယူခြင်း ဟန့်တားခဲ့သည်။

နာမည်ကျော်ပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများသည် ဇွန်လမတိုင်မီ အထိ .porn၊ .adult နှင့် .suck ကဲ့သို့သော ဝက်ဘ်ဆိုက်လိပ်စာ များကို လိပ်စာတစ်ခုလျှင်  ကန် ဒေါ်လာ ၂,၅၀၀ ဖြင့် ဝယ်ယူနိုင် မည်ဖြစ်သည်။

ဇွန်လ ၁ ရက်ရောက်လျှင် ICANN ပရဟိတအဖွဲ့က ယင်း ဝက်ဘ်ဆိုက်လိပ်စာများကို အများပြည်သူများအား ဝယ်ယူ ခွင့်ပြုသွားမည်ဖြစ်သည်။ အဆို တော်တေလာဆွမ်ဖ်ကဲ့သို့ပင် Microsoft Office ကုမ္ပဏီကြီးက လည်း Office.porn နှင့် Office.adult ဝက်ဘ်ဆိုက်လိပ်စာများကို ဝယ်ယူထားပြီးဖြစ်သည်။

တေလာဆွစ်ဖ်သည် ၎င်းကို ရည်ညွှန်းသည့် ဝက်ဘ်ဆိုက်လိပ် စာများကို မျက်ခြည်မပြတ်စောင့် ကြည့်ခဲ့သူဖြစ်သည်။ ပြီးခဲ့သည့် လကလည်း တေလာဆွစ်ဖ်အား ဂီတာတီးသင်ပေးသူ ရွန်းနီခရီမာ က itaughttaylorswift.com ဝက်ဘ်ဆိုက်ပြုလုပ်မှုဖြင့် တေ လာဆွစ်ဖ်၏ ကိုယ်စားလှယ်များ က တရားစွဲမည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း သတင်းများပေါ်ထွက် ခဲ့သည်။           

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top