iMyanmarHouse.com - Best Property Website for Myanmar
×











 တောင်ကိုရီးယားသရုပ် ဆောင်မင်းသား လီဗျောင်ဟွန်း သည် Beyond Deceit အမည်ရ ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကား၌ ဟောလိဝုဒ်သရုပ်ဆောင်မင်း သားများဖြစ်သော အယ်လ်ပါစီနို၊ အန်တိုနီဟော့ကင်း၊ ဂျို့ရှ်ဒါမယ် တို့နှင့်အတူ ပူးတွဲသရုပ်ဆောင် မည်ဟု တောင်ကိုရီးယား Yon-hap သတင်းက ဖော်ပြသည်။

Beyond Deceit သည်း ထိပ်ရင်ဖိုဇာတ်ကားသည် လူ သတ်မှုတစ်ခုနှင့်ပတ်သက်မိသော ရှေ့နေလေးတစ်ဦးအကြောင်းအခြေခံရိုက်ကူးမည်ဖြစ်သည်။

ယင်းဇာတ်ကား၌ လီဗျောင် ဟွန်းပါဝင်သရုပ်ဆောင်မည်ဟု ၎င်း၏ အေဂျင်စီ BH Entertain-ment က မတ်လ ၂၀ ရက်တွင် အတည်ပြုပြောကြားခဲ့သော် လည်း လီဗျောင်ဟွန်းသရုပ် ဆောင်ရမည့်ဇာတ်ရုပ်နှင့် ရိုက် ကူးရေးအချိန်ဇယားတို့ကို ထုတ် ဖော်ပြောကြားခြင်းမရှိပေ။

လီဗျောင်ဟွန်းသည် ပြီးခဲ့ သည့်နှစ်များတွင် ကိုရီးယားရုပ် ရှင်ဇာတ်ကားများအပြင် ဟော လိဝုဒ်ရုပ်ရှင်ဇာတ်ကားအချို့၌ ပါဝင်သရုပ်ဆောင်ဖူးသူဖြစ် သည်။ မင်းသားကြီးအာနိုးနှင့် အတူ လီဗျောင်ဟွန်းပါဝင်သရုပ် ဆောင်ထားသော Terminator Genisys ဟောလိဝုဒ်ရုပ်ရှင်ဇာတ် ကားကို လာမည့် ဇူလိုင်တွင် ရုံတင်ပြသမည်ဖြစ်သည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top