iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ်ချစ်သည့် ဆုကို ရရှိထားသည့် အိမ့်ချစ်က ဒုတိယ တစ်ကိုယ်တော် အခွေ “အချစ်ရေး”ဟုခေါ်သော MTV အခွေကို မေလတွင် ထွက်ရှိမည် ဖြစ်ကြောင်း ပြောသည်။

ညီမအနေနဲ့ အခု အခွေလေးကို ထွက်ဖို့ စီစဉ်ထား တာတော့ ကြာပါပြီ။ မေလ နောက်ဆုံး ထားပြီး ထွက်နိုင်အောင် လို့လည်း ကြိုးစား နေပါတယ်။ ဒီအခွေလေးက အရင် Audio အခွေစထွက်တုန်းက ပရိသတ် လက်ခံမှု ရရှိ ထားတယ်။ အခု MTV ထွက်တော့မယ် ဆိုတော့ ပရိသတ်ရဲ့ အားပေးမှု ကိုလည်း ထပ်ရနိုင်ဖို့ ညီမ ကြိုးစားထား ပါတယ်။ ဒီအခွေလေးထဲမှာ ထူးထူးခြားခြား အနေနဲ့ ကတော့ ညီမတို့ မိသားစုလေး ပါဝင် သရုပ်ဆောင် ထားတဲ့ သီချင်းလေးလည်း ပါပါတယ်။ အဖေရယ်၊ အိမ့်ချစ်ရယ်၊ မောင်လေးရယ်ပေါ့။ “အချစ်ရေး ကိုတော့ မေလ (၁) ရက်နေ့လောက် တော့ မှန်းထား ပါတယ်။ အခု အိမ့်ချစ်က Music Tour ထွက်နေရတယ်။ ပြီးတော့ ဒီလထဲမှာလည်း 7 Ladies Show အတွက် ကိုရီးယားကို သွားဖို့ ရှိပါတယ်။ အဲဒါကြောင့်လည်း အိမ့်ချစ်ရဲ့ အခွေလေးကို ထွက်ချင်ပေမယ့် မထွက်ရသေးဘူး ဖြစ်နေတယ်။ ရိုက်ဖို့က နှစ်ပုဒ်လောက်ပဲ ကျန်တော့တယ်။ အမြန်ဆုံးတော့ ထွက်ချင်တယ် ဟု အဆိုတော် အိမ့်ချစ်က ပြောသည်။ အိမ့်ချစ်သည် သူ၏ ဖခင်ဖြစ်သူ ဦးချစ်ကောင်းနှင့် Live Show ပွဲပြုလုပ်ရန် ရှိ ကြောင်း ပြောသည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top