iMyanmarHouse.com - Best Property Website for Myanmar
×














ငွေနဲ့ တန်ဖိုးဖြတ်လို့ မရတဲ့ အလှူတွေ အများကြီး ရှိပါတယ်။ ငွေသိန်းထောင်ချီ
မလှူတန်းနိုင်ဘူး ဆိုရင်လည်း မိမိကိုယ်ကိုယ် အားမငယ်ပါနဲ့။ အလှူသည် သေးသည် ကြီးသည်နဲ့ မဆိုင် စိတ်စေတနာနှင့်သာ ဆိုင်ပါတယ်။

ငွေနဲ့တန် ဖိုး ဖြတ်မရတဲ့ အလှူတွေဟာ မိမိပတ်ဝန်းကျင်မှ သူများ မလုပ်ချင်တဲ့ အလုပ်များကို မိမိ၏ ခန္ဓာကိုယ်ဖြင့် ရင်းကာ ဆောင်ရွက်ပေးခြင်းသာ ဖြစ်ပါတယ်။ ဥပမာ - အများပြည်သူသွားရာ လမ်းများကို သန့်ရှင်းစင်ကြယ်အောင် တပြက်စည်း လှည်းခြင်း၊ အိမ်သာရေဆေးခြင်း၊ လူသွားလူရာ နည်းပါးသော အရပ်ဒေသတွေမှာ တနိုင်တပိုင် ရေအိုးစင် တည်ထားပေးခြင်း၊ ပျက်စီးနေသော လမ်းများကို မိမိတနိုင် လမ်းပြင်ခြင်းဖြင့် အလွန်မတန်မှ တန်ဖိုးကြီးမားသော ကုသိုလ်များကို ရရှိပိုင် ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
မရှိလို့ မလှူ မလှူလို့ မရှိ ရှိတာလေးတွေကို လှူဖြစ်အောင် လှူပါ။ ဒါကြောင့် မိမိမှာ တတ်နိုင်တဲ့ ကိုယ်စွမ်း ဥဏ်စွမ်းဖြင့် အလှူရေစက် လက်နဲ့မကွာ လှူနိုင် တန်းနိုင်တဲ့ လောကီ သူတော်စင် သူတော်ကောင်းများ ဖြစ်ကြပါစေသော်။

Credit : Yoyarlay

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top