iMyanmarHouse.com - Best Property Website for Myanmar
×









 တောင်ကိုရီးယားသရုပ် ဆောင်မင်းသား လီမင်ဟိုနှင့် သရုပ်ဆောင်အဆိုတော် ဆူဇီတို့ ချိန်းတွေ့နေသည်မှာ တစ်လခန့် ရှိပြီဟု လီမင်ဟို၏ အေဂျင်စီနှင့် ဆူဇီ၏ အေဂျင်စီတို့က မတ်လ ၂၃ ရက်တွင် အတည်ပြုပြော ကြားလိုက်သည်။

ကေဒရာမာကြယ်ပွင့် လီမင် ဟိုနှင့် miss A ကေပေါ့ပ်အဖွဲ့ ဝင်ဆူဇီတို့ ချိန်းတွေ့နေသည်မှာ နှစ်လခန့်ရှိပြီဟု ကိုရီးယားဖျော် ဖြေရေးသတင်းမီဒီယာတစ်ခုဖြစ် သော Dispatch က မတ်လ ၂၃ ရက် နံနက်အစောပိုင်းတွင် ဓာတ်ပုံ အထောက်အထားများနှင့်တကွ ဖော်ပြခဲ့ပြီးနောက် အေဂျင်စီများ က အတည်ပြုပြောကြားခဲ့ခြင်းဖြစ် သည်။

လီမင်ဟိုနှင့် ဆူဇီတို့သည် မတ်လ ၁၀ ရက်တွင် ၎င်းတို့၏ ရိုက်ကူးရေးများအတွက် ဥရောပ သို့ သွားရောက်ခဲ့စဉ် ရက်အတန်ကြာချိန်းတွေ့ခဲ့ကြသည်ဟု Dis−patch သတင်းက ဖော်ပြထားသည်။ထို့အပြင် ၎င်းတို့စုံတွဲသည် ပြည်ပရိုက်ကူးရေးများမရှိသည့်အခါ တွင်လည်း ဆိုးလ်မြို့၌ နေ့တိုင်း နီးပါးချိန်းတွေ့ခဲ့ကြသည်ဟု Dispatch က ဖော်ပြသည်။

လီမင်ဟိုသည် City Hunter ဒရာမာဇာတ်လမ်းတွဲ၌ ၎င်းနှင့်တွဲ ဖက်သရုပ်ဆောင်သော ပတ်မင် ယောင်းနှင့် လအနည်းငယ်ကြာ တွဲခဲ့ဖူးသူဖြစ်သည်။ Miss A ဆူဇီ သည် လီဂျောင်ဆော့၊ ဆောင်း ဂျွန်နှင့် ကင်ဆူဟွန်းတို့နှင့် ချိန်း တွေ့သည့်သတင်းများပေါ်ထွက် ဖူးသော်လည်း အေဂျင်စီက အဆို ပါသတင်းများမှာ ကောလာဟလ များဟု ဆိုခဲ့သည်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top