iMyanmarHouse.com - Best Property Website for Myanmar
×











ယောင်္ကျားတစ်ယောက်ကို ကိုယ့်အနားမှာအမြဲရှိနေဖို့ဘယ်လိုဆွဲဆောင်ထားရမလဲ......
ယောင်္ကျားတွေကိုဆွဲဆောင်ထားနိုင်ဖို့ အတွက်ခြေခံအချက်တစ်ချက်ပဲလိုအပ်ပါတယ်...။
အဲဒါသူတို့ရဲ့အတ္တကိုဖွံ့ ဖြိုးစည်ပင်လာအောင်ပြုစုပျိုးထောင်ပေးခြင်းပဲ။

ပြုစုပျိုးထောင်ပေးရမယ့်နည်းလမ်းအဖြာဖြာကတော့...............

၁။ အားကိုး တကြီးအကြည့်ကလေးတွေနဲ့ ကြည့်တတ်ရမယ်။

၂။ အရာရာကိုသိနားလည်ပေးမယ့် ဘာမှမသိနားမလည်သယောင် ဟန်ဆောင်တတ်ရမယ်။

၃။ ကိုယ်ကဦးဆောင်နိုင်တဲ့ ကိစ္စတွေမှာလဲ...သူတို့ကိုရှေ့တန်းတင်တတ်ရမယ်။

၎။ သူတို့ကိုသွားပြီး ဆ၇ာကြီးမလုပ်ပါနဲ့...အမြင်ကတ်ခံရလိမ့် မယ်။

၅။ သူ တို့ကဆ၇ာကြီးလုပ်နေတာကိုလည်း...." သိသားပဲ " စတိုင်လ်သွားမဖမ်းနဲ့။
မသိချင်ဟန်ဆောင်ပြီး
" ဟင်....ဟုတ်လား "၊ ဟယ်...ဒီလိုလား " ၊ အို....အစကလုံးဝမသိဘူးဆိုတာမျိုး
ဖော်လိုလေးတွေလိုက်ပေးရင်းသူတို့အတ္တကိုရေလောင်းပေးနိုင်ရမယ်။

၆။ ကိုယ်လုပ်တတ်တဲ့ကိစ္စလေးတွေကို မလုပ်တတ်ဘူးပြောပြီးမကြာခဏ ခိုင်းခိုင်းပေးပါ။

၇။ ကိုယ့်ဘာသာစဉ်းစားဆုံးဖြတ်နိုင်တဲ့ကိစ္စလေးတွေကို
သူတို့နဲ့မကြာခဏတိုင်ပင်အကြံတောင်းတတ်၇မယ်။

၈။ အရေးကြီးဆုံးနဲ့နောက်ဆုံးအချက်ကတော့ကိုယ့်ဘဝမှာသူမရှိလို့
လုံးဝမဖြစ်ဘူးဆိုတာကိုသူတို့ဦးနှောက်ထဲအသည်းထဲ စွဲနစ်နေအောင် တဖွဖွပြောနေဖို့ပါပဲ။

ဒီလိုနည်းလမ်းတွေနဲ့ ကိုယ့်ဘဝမှာသူမရှိလို့မဖြစ်ဘူး
သူသာလျှင်အားကိုးရာဆိုတဲ့အသိကို သူတို့ ရင်ဘက်ထဲ စိုက်ဝင် စွဲမြဲနေအောင် စွမ်းဆောင်နိုင်ဖို့လိုတယ်။
ဒါယောင်္ကျားဆိုတဲ့မျိုးစားတွေကို ဆွဲဆောင်ထားနိုင်မဲ့နည်းလမ်းတွေပါ။

Credit : Lamin Maung

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top