iMyanmarHouse.com - Best Property Website for Myanmar
×












လမ်းခွဲခြင်းမှာ နာကျင်ခဲ့ရတယ်။ ဒါပေမယ့် ဒါတွေကို သင်အောင်မြင်စွာ အဆုံးသတ်ပစ်နိုင်ခဲ့ရင် ဒါဟာ သင့်အတွက် ကောင်းတယ်လို့ ဆိုချင်ပါတယ်။ လမ်းခွဲပြီးတဲ့နောက် သင်ဟာ အောက်မှာဖော်ပြထားတဲ့အချက်တွေကို လုပ်ဆောင်နိုင်ခဲ့တယ်ဆိုရင် သင်ဟာ ဒီလမ်းခွဲခြင်းမှာ အနိုင်ရရှိခဲ့သူပါ။

၁။သင်ဟာ သင်တို့နှစ်ယောက်စလုံးနဲ့ ခင်မင်နေသူတွေနဲ့ အရင်လို သွားလာပြောဆိုနေနိုင်တယ်။
လမ်းခွဲလိုက်လို့ သူနဲ့ကိုယ်ကြားက သူငယ်ချင်းတွေကို အဆက်အသွယ် မလုပ်ပဲ နေတာမျိုးထက် ခုလို ပြောဆိုဆက်ဆံနေနိုင်သေးတာဟာ ကောင်းတဲ့အချက်ပါပဲ။ သင့်ဘက်က အေးဆေးပဲဆိုတာ ပြသရာလည်း ရောက်ပါတယ်။

၂။အရင်လို ကိုယ်လက်လေ့ကျင့်ခန်းတွေကို မပျက်မကွက် လုပ်ဆောင်နိုင်တယ်။
ဝမ်းနည်းကြေကွဲမှုတွေနဲ့ အိပ်ယာထဲလဲနေမှာထက် သင်ဟာ ဒီခံစားချက်တွေကို လျစ်လျူရှုပြီး သင်မပျက်မကွက် လုပ်ဆောင်ရမယ့် အရာတွေကို အသားပေး ဆက်လက်လုပ်ဆောင် သွားနိုင်တယ်။ ကျန်းမာရေးအတွက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာမျိုးကိုတောင် သင်ဟာ တစ်ရက်မပျက် လုပ်ဆောင်နိုင်တယ်ဆိုရင် သင်ဟာ စိတ်မာပြီး ပြတ်ပြတ်သားသားလုပ်ဆောင်နိုင်သူပါ။

၃။သူ့ကို သတိရစေမယ့် အရာအားလုံးကို ဖယ်ထုတ်ပစ်လိုက်နိုင်တယ်။

သင့်အိမ်ခန်းထဲကဖြစ်ဖြစ်၊ သင့်အလုပ်စားပွဲပေါ်ကဖြစ်ဖြစ် သူ့ကို အမှတ်တရရှိနေစေမယ့် ပစ္စည်းတွေ၊ လက်ဆောင်တွေ အားလုံးကို ရှင်းထုတ်ပစ်လိုက်နိုင်ပြီဆိုရင်လည်း ဒါ ကောင်းတဲ့အချက်ပါပဲ။

၎။သူ့ဖုန်းနံပါတ်ကို ဖုန်းထဲက ထုတ်ပစ်လိုက်နိုင်ပြီ။
သူနဲ့ပြန်ပတ်သက်ဖို့ လုံးဝစိတ်မရှိတော့ဘူးဆိုတာ သေချာတဲ့ သဘောနဲ့ သင်ဒီလိုလုပ်ပစ်လိုက်တာဟာ သင်ဟာသူ့ကို အနိုင်ရလိုက်သလိုပါပဲ။

၅။အလုပ်မှာ ပရိုမိုးရှင်းတွေဘာတွေ ရတဲ့အထိတောင် သင်ကြိုးစားလာနိုင်တယ်။
သူနဲ့ကွဲပြီးတော့မှ သင်ဟာအလုပ်ကို ပိုအာရုံစိုက်နိုင်လာသလို အလုပ်မှာလည်း ရာထူးတိုးတာ၊ အကောင်းဆုံးဝန်ထမ်းဆုရတာတွေဘာတွေ ရှိလာမယ်။ ဒါဟာ လမ်းခွဲခြင်းနောက်ပိုင်း သင်အေးဆေးကြိုးစားနေနိုင်တယ်ဆိုတာ သိသာစေတဲ့အချက်ပေါ့။

၆။သင်ဟာ အရင်ထက်တောင် ပိုပြင်ပြင်ဆင်ဆင်နဲ့ လှနေသေးတယ်။
လူတွေဟာ လမ်းခွဲပြီးသွားရင် အလှအပဘက်၊ ဖက်ရှင်ဘက်ကို အားလျော့သွားတတ်ပါတယ်။ ဒါပေမယ့် သင်ကတော့ အရင်ထက် ပိုလန်းလာတယ်ဆိုမှတော့ ဒါ ဘယ်လောက်စိတ်ချမ်းသာစရာကောင်းပါသလဲ။

၇။ဖေ့စ်ဘွတ်ခ်က သင့်အလှဓာတ်ပုံမှာ သင့်အရင်ရည်းစားက Like လုပ်သွားတယ်။
ဆံပင်ပုံစံပြောင်းလိုက်တာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ လျှောက်သွားတုန်းပဲဖြစ်ဖြစ် သင့်အလှဓာတ်ပုံကို ဖေ့စ်ဘွတ်ခ်မှာ တင်မိလိုက်တဲ့အခါ သင့်အရင်ရည်းစားက Like နှိပ်သွားတယ်ဆိုရင် ဒါဟာလည်း သင့်အတွက် အနိုင်ရမှုတစ်ခုပါပဲ။ သူက သင့်ဖေ့စ်ဘွတ်ခ်စာမျက်နှာကို ၀င်ကြည့်နေတာ သေချာသွားတဲ့ အချက်လည်း ဖြစ်ပါတယ်။

၈။သင်နဲ့သူ့ကြားက သူငယ်ချင်းတွေက သင့်အကြောင်း သင့်ရည်းစားဟောင်း မကြာခဏမေးကြောင်း ပြောလာကြတယ်။
သေချာတာကတော့ သင့်ကို သူ့စိတ်ထဲက ထုတ်မပစ်နိုင်သေးတာပါပဲ။ ကြွေနေတုန်းဖြစ်ပါလိမ့်မယ်။ သင်က ပိုလှလာတယ်၊ ပိုမိုက်လာတယ်၊ ဒါမှမဟုတ် သင်က နောက်ထပ်ဒိတ်နေတယ်ဆိုတာ သိရင် သူတို့အတွက် ပိုခံစားရစေတယ်လေ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top