iMyanmarHouse.com - Best Property Website for Myanmar
×










သင့်အမျိုးသားဟာ အလွယ်တကူ ဒေါသထွက်တတ်ပြီး သင့်အပေါ် မိုက်မိုက်ရိုင်းရိုင်း ပြောဆိုဆက်ဆံတတ်သူလား၊ ကိုယ်ထိလက်ရောက် စော်ကားဖူးသူလား။ သင့်အပေါ် တရားလွန်ပြောဆိုဆက်ဆံတတ်သူလား။ ဒီလိုအချိန်တွေမှသာ သင်ဟာ အနိုင်ကျင့်ပြောဆိုခံနေရတယ်လို့ မထင်ပါနဲ့။ သင့်စိတ်ကို နေ့တိုင်းနီးပါး ဖြေးဖြေးချင်း ညှင်းပန်းနှိပ်စက်နေတဲ့ အရာတွေလည်း သူတို့က လုပ်တတ်ကြပါတယ်။ ဒါတွေကို သင် သတိထားမိချင်မှ ထားမိပါလိမ့်မယ်။ အဲ့ဒီအချက်လေးပြောပြရရင်ဖြင့်

၁။သင့်အမျိုးသားဟာ သင့်အပြစ်မဟုတ်တဲ့ အရာတွေအတွက် သင့်ကိုအမြဲအပြစ်တင်တတ်တယ်။
ဥပမာ အိမ်ကရေစက်ပျက်သွားတာမျိုးပေါ့။ ဒါဟာ သင့်ကြောင့် မဟုတ်ပါဘူး။ ဒီလိုအရာမျိုးတွေကိုလည်း သင့်ကိုသာ အပြစ်တင် ပြောဆိုတတ်တယ်။ မင်းဘယ်လိုလုပ်လိုက်လို့ ဒီလိုဖြစ်ရတာလဲဆိုတာမျိုးပေါ့။

၂။သင့်ကို ကလေးတစ်ယောက်လိုပဲ အရာမသွင်း ပြောဆိုဆက်ဆံတယ်။
ကိစ္စတစ်ခုခုကို ကိုယ်က ၀င်ပြောမိတယ်ဆိုရင် "ငါမင်းကို ဒီအချက်တွေ သေချာစဉ်းစားစေချင်တယ်။ မင်ပြောနေတာ မဟုတ်သေးဘူး"ဆိုတာမျိုး၊ "ဒီလိုပြောဖို့ မင်းမှာ ဘာအတွေ့အကြုံရှိလို့လဲ" ဆိုတာမျိုးတွေဟာ ကိုယ့်ကို ကလေးအထင်နဲ့ အရာမပေးတာပါပဲ။

၃။တစ်ခြားသူတွေကို အကူအညီတောင်းတဲ့အခါမှာတောင် ချိုချိုသာသာ မပြောတတ်ဘူး။
နှစ်ဦးသား စားသောက်ဆိုင် တစ်ခုခုကို သွားလို့ ကိုယ့်ကိုလာချပေးတဲ့ အစားအသောက်တွေက အေးနေမယ်၊ ဒါကိုပြန်နွှေးပေးဖို့ ၀ိတ်တာကို အကူအညီတောင်းမယ်၊ ပြောချင်မေးချင်တယ်ဆိုရင်တောင် အထက်စီးလေသံနဲ့သာ ပြောဆိုဆက်ဆံတတ်တယ်။ အခြားလူတွေကိုဆိုရင်လည်း အမြဲဒီလိုပဲ။

၎။အခြားလူတွေရှေ့ရောက်ရင် သင့်ကို ပိုအော်တတ်တယ်၊ အာဏာပြချင်တယ်။
အိမ်မှာအတူရှိနေချိန် ဒီလောက် မရင့်သီးပေမယ့် သူငယ်ချင်းတွေ စုံတဲ့အချိန်မျိုး၊ အခြား ဧည့်သည်တွေရှိနေတဲ့ အချိန်မျိုးတွေမှာ သင့်ကို သူဘယ်လောက်နိုင်ကြောင်း၊ သင်ဟာ သူ့ကို ဘယ်လောက်ကြောက်ရကြောင်း ပြောဆိုရုံမက အော်တာတွေဘာတွေထိတောင် လုပ်တတ်တယ်။

၅။သူစိတ်ရှုပ်နေချိန်ဆို သင်အပါအ၀င် တခြားလူတွေကိုပါ ပတ်ရမ်းတတ်တယ်။
သူအလုပ်တွေကြောင့် စိတ်တွေရှုပ်နေရချိန်ဆိုရင် ငါစိတ်ရှုပ်နေတယ်လို့ ပြောမယ့်အစား မင်းဘာဖြစ်နေတာလဲ၊ ဒါလေးတောင် မလုပ်နိုင်ဘူးလား စသဖြင့် ပတ်ရမ်းတော့တာပဲ။ ကလေးတွေကိုတောင် သည်းမခံတတ်ဘူး။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top