iMyanmarHouse.com - Best Property Website for Myanmar
×














ပရိသတ် လက်ခံမှု ရရှိထားသည့် သရုပ်ဆောင်၊ အဆိုတော် ဖြစ်သော ချစ်စနိုးဦးက သူမ၏ ဖခင် ကျန်းမာရေးကြောင့် နားထားခဲ့ရာမှ ယခုအခါတွင် အနုပညာ လုပ်ငန်းများကို ဆက်တိုက် ပြန်၍ လုပ်ကိုင် တော့မည် ဖြစ်ကြောင်း ပြောသည်။

ညီမရဲ့ အဖေက ကျန်းမာလာပြီလို့ ပြောလို့ရနိုင်တဲ့ အခြေအနေရောက် ပါပြီ။ ဒါကြောင့် ညီမ အနေနဲ့ ညီမချစ် တဲ့ အနုပညာ လုပ်ငန်းတွေကို ညီမ နားခဲ့တဲ့ အချိန်တွေ အတွက် အတိုးချ ပြီးတော့ ပရိသတ်ကြီးအတွက် လုပ်သွားမှာပါ။ အဲဒီအတွက် ညီမ နားနေတဲ့ အချိန်မှာ အနုပညာ လုပ်ငန်းတွေကို ပြန်လည် လုပ်ကိုင် တော့မယ် ဆိုတော့ ဘယ်လို အကောင်းဆုံး လုပ်ကိုင် သွားမလဲ ဆိုတာကို ညီမအနေနဲ့ စဉ်းစားနေခဲ့ ပါတယ်။ ဗီဒီယို သရုပ်ဆောင် ပိုင်းမှာလည်း ညီမ ပြန်ဝင်လာတဲ့ အခါ သဘာဝ ဆန်ဆန် ကာရိုက်တာလေးတွေကို ရွေးချယ် ရိုက်ကူးသွား မှာပါ။

အဆိုပိုင်း မှာလည်း ညီမ Audio ထွက်ရှိ ပြီးသား ဖြစ်တဲ့  ခိုနားခွင့် ပေးပါ ဆိုတဲ့ သီချင်းခွေလေး ကိုလည်း MTV ဒီနှစ်ထဲမှာပဲ ပရိသတ်တွေဆီ အရောက်ပို့ပေးနိုင်ဖို့ ကြိုးစားနေ ပါတယ်။ ညီမအနေနဲ့ အဆိုပိုင်း မှာရော၊ သရုပ်ဆောင်ပိုင်းမှာပါ။ ညီမနားခဲ့တဲ့ အချိန်တွေ အတွက် ပရိသတ်ကြီးကို အတိုးချပြီး တင်ဆက် သွားမှာပါ ဟု ချစ်စနိုးဦး က ပြောသည်။ မတ်လ (၁၆) ရက်နေ့သည် သရုပ်ဆောင် ချစ်စနိုးဦး၏ မွေးနေ့ ဖြစ်ကာ သူငယ်ချင်း ဖြစ် သူ သရုပ်ဆောင် ဆုပန်ထွာ၏ မင်္ဂလာ ဧည့်ခံပွဲ သို့လည်း တက်ရောက် ချီးမြှင့်ပေးခဲ့သည်။

Credit : messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top