iMyanmarHouse.com - Best Property Website for Myanmar
×










Captain America သရုပ်ဆောင်မင်းသား ခရစ်အီဗန်နှင့် Mirror Mirror ဇာတ်ကားမှ စနိုးဝှိုက်မင်းသမီး လီလီကောလင်းတို့ ချိန်းတွေ့နေ ကြသည်ဟု သတင်းရင်းမြစ်များ က   အမေရိကန်မဂ္ဂဇင်း   Us Weekly အား ပြောကြားသည်။

ဟောလိဝုဒ်ကြယ်ပွင့်များ ဖြစ်သော ခရစ်အီဗန်နှင့် လီလီ ကောလင်းတို့သည် ပြီးခဲ့သည့်လ တွင် Vanity Fair မဂ္ဂဇင်း၏ အော် စကာပါတီပွဲ၌ စတင်တွေ့ဆုံခဲ့ သည်ဟု သတင်းရင်းမြစ်တစ်ခုက ပြောသည်။

‘‘သူတို့နှစ်ယောက်ရဲ့ ချစ် ဇာတ်လမ်းက အခုမှစရုံပဲရှိသေး တယ်။ ဒါပေမဲ့ သူတို့တွေ အရမ်း ပျော်ရွှင်နေကြတယ်’’ဟု ယင်း သရုပ်ဆောင်နှစ်ဦးနှင့် ရင်းနှီးသူ က Us Weekly အား ပြောသည်။

အသက်(၃၃)နှစ်အရွယ်ရှိ ခရစ်အီဗန်သည် သရုပ်ဆောင် မင်းသမီးများဖြစ်သော ဂျက်စီကာ ဘီးလ်၊ မင်ကာကယ်လီတို့နှင့် ချစ်ကြိုက်ဖူးသူဖြစ်သည်။

အသက်(၂၅)နှစ်အရွယ် လီလီကောလင်းမှာ တေလာလူ နာ၊ ဇက်အက်ဖရွန်နှင့် ဂျေမီကမ့် ဘဲလ်ဘိုဝါတို့နှင့် ချစ်ကြိုက်ဖူးသူ ဖြစ်သည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top