iMyanmarHouse.com - Best Property Website for Myanmar
×

ဗီစီဒီ၊ အမ်တီဗီများတွင် သရုပ်ဆောင်ဖူးသောကြောင့် ကင်မရာနှင့်မစိမ်းဘဲ သရုပ် ဆောင်အလုပ်နှင့်အဆင်ပြေမည် ဟုထင်ခဲ့သော်လည်း ဇာတ်ကား ရိုက်ကူးရေးတွင်မူ အခက်အခဲ များရှိခဲ့ကြောင်း ရဲရင့်အောင်က ပြောသည်။

‘‘တကယ်သရုပ်ဆောင် ကြည့်တော့ အမ်တီပီတွေမှာ သရုပ်ဆောင်ရတာနဲ့ အရမ်းကို ကွာတယ်။ စကားပြောရတာတွေ အပေးအယူအမျှအတတွေရှိ တော့ ပထမဆုံးနေ့မှာ တော်တော်ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ နောက် ရက်တွေမှာတော့ ကြိုတင်ပြင် ဆင်ပြီး အတတ်နိုင်ဆုံးကြိုးစားခဲ့ ပါတယ်’’ဟု ၎င်းကပြောသည်။

ထို့ပြင် ဇာတ်ကားများ ဆက် လက်ရိုက်ကူးရန်အစီအစဉ်ရှိပြီး ကိုယ်တိုင်ရိုက်ကူးချင်သည့် ဇာတ်လမ်းများကို ဇာတ်ညွှန်းရေး ဆရာများနှင့်တိုင်ပင်၍ ရိုက်ကူး မည်ဟု ၎င်းကပြောသည်။

‘‘နယ်သွားဖို့နားနေတဲ့အချိန်၊ ဗီစီဒီရိုက်ဖို့အားနေတဲ့အချိန်ကြား ထဲမှာ အချိန်ရသလောက် တစ် ကားဖြစ်ဖြစ်၊ နှစ်ကားဖြစ်ဖြစ် ရိုက်ထားနိုင်သလောက်ရိုက် မယ်။ ကျန်တဲ့အချိန်ကတော့  ဂီတကိုပဲလုပ်မှာပါ’’ဟု ၎င်းက ပြော သည်။ ဂီတနှင့်ပတ်သက်၍ သဝေ ထိုးခခွေးယပင့်အခွေ၏ ဗီစီဒီရိုက် ကူးသွားရန် အစီအစဉ်ရှိပြီး သီချင်းအသစ်များဖန်တီးသွားရန် အစီအစဉ်ရှိကြောင်း ၎င်းကပြော သည်။

‘‘ဖျော်ဖြေပွဲအနေနဲ့က ၂၂ ရက် ကန်တော်ကြီးမျှော်စင်ကျွန်း မှာလုပ်မယ့် ဖျော်ဖြေပွဲမှာပါမယ်။ နောက်ပြီး ၂၉ ရက်နေ့ မန္တလေး မှာလုပ်မယ့်ဖျော်ဖြေပွဲမှာလည်း ပါဖို့အစီအစဉ်ရှိတယ်’’ဟု ရဲရင့် အောင်ကပြောသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top