iMyanmarHouse.com - Best Property Website for Myanmar
×

ပန်းနုသွေးဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ ပရိသတ် အများအသိအမှတ်ပြုမိသလို လက်ရှိမှာ မြူးဇစ်ဗီဒီယို တော်တော်များများနဲ့ ဗီဒီယိုတော်တော်များများ ရိုက်ကူးနေရပြီး လာမယ့် ဒီဇင်ဘာလမှာလည်း ပန်းနုသွေး Season 3 ကိုရိုက်ဖို့ရှိနေတဲ့ မေမြင့်မိုရ်နဲ့ သူမရှိတဲ့ အမ်တီဗီရှုတင်လေး တစ်ခုမှာတွေ့ဆုံခိုက်

“လတ်တလောဆို ညီမ ပရဟိတ လုပ်ဖြစ်နေတယ်။ လောက်ကိုင်ရဲ့စစ်ဘေးသင့် ပြည်သူတွေရယ် ၊ တပ်မတော်သားတွေရယ်အတွက် သွားပြီးတော့ အလှူခံထွက်တယ်။ ပြီးတော့ မို့ဆိုတဲ့ အဆိုတော်သစ်ရဲ့ အမ်တီဗီ သရုပ်ဆောင်ထားတယ်။ မနေ့ကလဲ အဆိုတော်သစ်ရဲ့ အမ်တီဗီပဲ ရိုက်ပေးတယ် ။ ဒီနေ့လဲ အမ်တီဗီပဲ ကိုဆိုတေးရဲ့ ရင်ခုန်လိုက်တိုင်းဆိုတဲ့ အမ်တီဗီလေး ရိုက်နေတယ်။ ပြီးရင် ဗီဒီယိုကားလေးတွေ ရိုက်ဖို့လဲ ရှိပါသေးတယ်”လို့ သူမက ပြောပြသွားပါတယ်။

တိုးတက်ပြောင်းလဲလာတဲ့သူမရဲ့ သရုပ်ဆောင်ပိုင်းနဲ့ပတ်သတ်ပြီးတော့လဲ သူမက “စီးရီးက အမြဲတမ်း ရိုက်နေရတယ်ဆိုတော့ လေ့ကျင့်နေသလို ဖြစ်နေတာပေါ့နော်။ ပြီးရင်လဲ ၆လလုံးလုံး ပန်းနုသွေးဆိုလဲ ပန်းနုသွေးကာရိုက်တာကြီးဆိုတော့ အမြဲတမ်း အိုက်တင်တွေက လုပ်နေရတယ်။ ဒါရိုက်တာတွေရော၊ ၀ါရင့်သရုပ်ဆောင်တွေရောက သင်ပေးကြတယ်။ တွဲဖက် ရိုက်ပေးတဲ့ သူတွေအားလုံး ကလဲ သင်ပြပေးကြတဲ့အတွက် သရုပ်ဆောင်တဲ့နေရာမှာ အရမ်းကို အဆင်ပြေသွားတာပေါ့။ ခုလောလောဆယ် ရုပ်ရှင်ကားကြီးက မှော်ကျောက်စာနဲ့ ဘယ်ရည်းစားကို အချစ်ဆုံးလဲနဲ့ နှစ်ကားရိုက်ထားပါတယ်”တဲ့။

ဒီလောကအပေါ် သူမရဲ့အမြင်ကိုတော့ “ခက်ခဲတယ်လို့လဲမြင်တယ်။ ရှုပ်ထွေးတယ်လို့လဲမြင်တယ်။ လူကလဲ ပေါင်းစုံဆိုတော့ ကိုယ်ကို မြှင့်တင်ပေးချင်တဲ့သူ ရှိသလို ဆွဲချချင်တဲ့သူတွေလဲ ရှိတယ်။ ရိုက်ချချင်တဲ့ သူတွေလဲ ရှိတယ်။  အမြဲတမ်း လူတွေကို သတိနဲ့တော့ ဆက်ဆံဖြစ်တယ်။ ဒီလောကထဲ လှမ်းလာခဲ့တဲ့အတွက် နောင်တတော့မရမိဘူး”လို့ သူက ပြောပြသွားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top