iMyanmarHouse.com - Best Property Website for Myanmar
×














ယခုကဲ့သို့ ရာသီဥတုပူသည့်အခါတွင် သွေးကြော များသည်ကျယ်လာပြီး နှာခေါင်း အတွင်း သွေးကြောများတင်းလာ ကာ သွေးကြောပါးသူများတွင် သွေး များ အလိုလိုပေါက်ထွက်လာကာ နှာခေါင်းသွေးလျှံခြင်းများ ဖြစ်ပေါ် တတ်ကြောင်း နား၊ နှာခေါင်း၊ လည် ချောင်းအထူးကုဆရာဝန်ကြီး ဒေါက် တာဝင်းထိုက်ကြည်က ပြောသည်။
ယင်းအပြင် ပူပြင်းခြောက်သွေ့ သောလေများတိုက်ခြင်းကြောင့် နှာခေါင်းအတွင်းသို့ ယင်းလေများ ဝင်ရောက်ကာ နှာခေါင်းအတွင်း ခြောက်သွေ့ခြင်းများဖြစ်တတ်ပြီး စပ်ဖျဉ်းဖျဉ်းဖြစ်လာသောကြောင့် ပွတ်မိကြရာမှလည်း နှာခေါင်းသွေး လျှံခြင်းဖြစ်နိုင်ကြောင်း သိရသည်။

နှာခေါင်းသွေးလျှံပါက

ပူပြင်းခြောက်သွေ့သော နေ ရာများသို့အချိန်ကြာသွားရခြင်း၊ နှာ ခေါင်းအတွင်း စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းတို့ ဖြစ်ပါက ရေငွေ့များရှူပေးခြင်းဖြင့် သက်သာစေနိုင်ကာ နှာခေါင်းသွေးလျှံ မှုမဖြစ်ပွားနိုင်ကြောင်းသိရသည်။
နှာခေါင်းသွေးလျှံပါက ကြောက် နေရန်မလိုအပ်ဘဲ လူကို သက်သောင့် သက်သာဖြစ်စေရန် ထိုင်စေပြီး ခေါင်းအနည်းငယ်ငုံ့ထားကာ နှာသီး ဝကိုလက်ဖြင့် ငါးမိနစ်ခန့်ပိတ်ထား ပြီး ရေခဲဖြင့်နှာရိုးပေါ်သို့တင် ပေးထားသင့်ကြောင်း၊ ငါးမိနစ်ခန့် အကြာပြန်ဖွင့်ကြည့်ပြီး သွေးများ ထပ်မံထွက်နေပါက ငါးမိနစ်ခန့် ထပ်မံပိတ်ထားရမည်ဖြစ်ကြောင်း သိရသည်။
”နှာခေါင်းသွေးလျှံရင် မ ကြောက်ပါနဲ့။ အရင်ဆုံးလူကထိုင် မယ်၊ ထိုင်ပြီးရင် ခေါင်းကိုရှေ့လေး နည်းနည်းငုံ့ထားမယ်။ ပြီးရင် နှာသီး ဝကိုလက်နဲ့ ငါးမိနစ်လောက်ညှစ် ထားမယ်။ ရေခဲရနိုင်မယ်ဆိုရင် ရေခဲ ကိုနှာရိုးပေါ်တင်ပေးမယ်။ ငါးမိနစ် နေလို့လွှတ်လို့ သွေးကမတိတ်ဘဲနဲ့ သွေးပြန်ထွက်လာတယ်ဆိုရင် နောက် ငါးမိနစ်လောက်ထပ်ညှစ်ထားရ မယ်”ဟု ပြောသည်။

နှာခေါင်းသွေးအာခေါင်ထဲကျလျှင် မျိုမချသင့်

နှာခေါင်းသွေးအာခေါင်ထဲသို့ ကျပါကမျိုမချသင့်ကြောင်း၊ မျိုချမိ ပါက အစာအိမ်ထဲတွင်သွေးများ ပြည့်ကာ သွေးများပြန်အန်ထွက် လာတတ်ကြောင်း၊ သွေးပြန်လည် တိတ်သွားပါက နားနားနေနေသက် သောင့်သက်သာနေသင့်ကြောင်း သိရသည်။
နှာခေါင်းသွေးလျှံပါက အေး သောနေရာတွင်ထိုင်၍ ရေခဲတင်ခြင်း ကိုပြုလုပ်ပေးသင့်ပြီး မသက်သာပါ က ဆေးရုံသို့ချက်ချင်းသွားရောက် ကုသသင့်ပြီး နှာခေါင်းသွေးလျှံခြင်း များသွားပါက သွေးပေါင်များကျပြီး အသက်အန္တရာယ်ရှိနိုင်ကြောင်း သိ ရသည်။

သွေးတိုးရှိသူများ သတိထားသင့်

”သွေးတိုးရှိတဲ့သူတွေဆိုရင် အခု လိုရာသီဥတုပူတဲ့အချိန်မှာ သွေးပေါင် တွေတက်လာတဲ့အခါမှာ သွေးကြော တွေကနဂိုက သွေးပြည့်နေတဲ့
အချိန် မခံနိုင်ဘဲ ပေါက်ထွက်တတ်တယ်။ ပုံမှန်အခြေအနေမှာဆိုရင် သွေးက ချက်ချင်းကျသွားနိုင်ပေမယ့် ဒီလိုအ ချိန်မျိုးတွေမှာဆို သွေးကချက်ချင်း မတိတ်ဘဲနဲ့ အများကြီးကိုထွက်လာ တတ်တယ်”ဟု ဒေါက်တာဝင်းထိုက် ကြည်က ဆိုသည်။

Credit : ဒီမိုကရေစီတူဒေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top