iMyanmarHouse.com - Best Property Website for Myanmar
×











မိန်းကလေးတွေ တစ်ကိုယ်တည်းနေထိုင်ရင်း အချိန်ကြာလာတဲ့အခါ လက်တွဲဖေါ်ရွေးချယ်တဲ့အပိုင်းမှာ ခံစားချက်တွေက သူများထက်ပိုပြီး လွန်ကဲတဲ့အပြုမူလေးတွေ ရှိလာတတ်ပါတယ်။ ဘယ်လောက်ပဲ အနားမှာ ကိုယ့်ကိုပိုးပန်းသူတွေ ၀ိုင်းဝိုင်းလည်ရှိနေပါစေ ဆီလိုအပေါက်ရှာပြီး အပြစ်တွေမြင်လာတတ်ပြီး ဘယ်သူ့ကိုမှာ ပြည့်စုံတယ်လို့ကို မထင်မိကြတော့ပါဘူး။
ဒီလိုနဲ့ပဲ တဖြည်းဖြည်း ပိုပိုပိုပြီး အထီးကျန်ဆန်လာရပါတော့တယ်။ ဘယ်လိုအတွေးအမြင်တွေကြောင့် ဒီလိုတွေ ဖြစ်လာရတာလဲ ?

၁) ယောကျာ်းမှန်သမျှ မကောင်းဘူး။
တစ်ဘတ်သတ်အမြင်တွေ များလာပြီး ရှိရှိသမျှယောကျာ်းလေးတွေအားလုံးကို သံသယရှိလာပြီး မကောင်းဘူးလို့ပဲ အမြဲတစ်ထစ်ချ ယူဆလာပါတယ်။
ရုပ်ဆိုးပြန်ရင်လည်း မမိုက်ဘူးထင်တာတို့၊ ရုပ်ချောပြန်ရင်လည်း ခြောက်နေလားမသိဘူးလို့ထင်
တာတို့ ၊ အ၀တ်စားအရင့်ဝတ်ရင့်လဲ တောဆန်တယ်တို့၊ အရောင်နုဝတ်ရင် မိန်းမလိုမိန်းမရဖြစ်တယ်တို့၊ အလုပ်အရမ်းလုပ်ပြန်ရင်လည်း ကိုယ့်ကိုဂရုစိုက်မှာ မဟုတ်တော့ဘူးလို့ အစရှိသဖြင့် သေးသေးလေးတွေကို ဇာချဲ့ပြီး မြင်လာကြပါတယ်။
လူတိုင်းမှာ ချို့ယွင်းချက်ဆိုတာရှိပါတယ်။ သူများရယ်လို့မှမဟုတ်ပဲ ကိုယ်ကိုယ်တိုင်မှာလည်း ကိုယ်ကြိုက်ပေမဲ့ သူများတွေမကြိုက်လောက်တဲ့ ပြစ်ချက်တွေလည်း ရှိကောင်းရှိပါလိမ့်မယ်။ ဒါကိုသိထားရင် တစ်ဘတ်သတ်အမြင်ကို နည်းနည်းလျှော့ပေးလိုက်ရင် ဒီအချက်နဲ့ အနည်းငယ်ကင်းလွတ်ခွင့်ရသွားပါလိမ့်မယ်။

၂) အလွန့်အကျွံအတွေးများခြင်း
တစ်ခါတစ်လေကျရင် တစ်ဘက်သူက ရိုးရိုးသားသားစကားလာပြောရင်တောင် ကိုယ့်ကိုနှစ်သက် သဘောကျလို့လားဆိုပြီး အတွေးတွေဘောင်ဘင်ခတ်ပြီး ဘုကလန့်ပြောမိတာလေးတွေ ရှိပါတယ်။ တကယ်တမ်း တစ်ဘက်က ရိုးသားနေပါလျက်နှင့် အပြောခံလိုက်ရတော့ သူ့ဘက်အနေနဲ့လည်း စိတ်ဆိုးသွားတာမျိုးတွေလည်း ရှိတတ်ပါတယ်။
ရိုးရိုးသားသားနဲ့ ကိုယ့်ကိုချစ်ခင်စုံမက်လို့ ချဉ်းကပ်လာရင်တောင် ကိုယ့်ရဲ့အလှပကြောင့်လား ၊ အပျော်လား ၊ စီးပွားတွက်တွက်ပြီး ရောက်လာတာလားဆိုပြီး အတွေးပေါင်းစုံနဲ့ ယောက်ယက်ခတ်နေပြီး အရွေးချော်သွားတတ်ပါတယ်။

၃) လက်တွေ့မကျပဲ စိတ်ကူးယဉ်ဆန်လွန်းခြင်း
တစ်ခါတစ်ရံမှာ ကိုယ့်ဘက်ချည်းတစ်ဖက်သတ်တွေးရင်း အရာရာပြည့်စုံတဲ့ယောကျာ်းတစ်ယောက်ကို မျှော်လင့်ကောင်း မျှော်လင့်ပါလိမ့်မယ်။ တကယ်တမ်းလက်တွေ့မှာ ကိုယ်လိုချင်တာနဲ့ ကိုယ်ရှေ့ကိုရောက်ရှိလာတဲ့သူတွေက တစ်ထပ်တည်း မကျတာက ပိုပြီးများပါတယ်။
ဒါပေမဲ့ ဘယ်သောအခါမှ ကိုယ့်ရှေ့ရောက်ရှိလာသူကို စိတ်တိုင်းမကျပဲ ကိုယ့်စိတ်ကူးထဲက perfect မင်းသားကိုပဲ စောင့်မျှော်ရင်း ခြေလွတ်လက်လွတ် ဖြစ်သွားတတ်ပါတယ်။

၎) စိတ်ဓါတ်ကြံ့ခိုင်မှုပိုင်း လွန်ကဲခြင်း
တစ်ယောက်တည်းနေရင် စိတ်ဓါတ်ကြံ့ခိုင်ဖို့ မဖြစ်မနေလုပ်ရပါတော့မယ်။ ဒီလိုအချိန်မှာ ဘယ်လိုဖြစ်လာသလဲဆိုတော့ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲပြီး သူများတကာက ယောကျာ်းစိတ်ပေါက်နေတယ်လို့တောင် စွပ်စွဲတာမျိုးတောင် ရှိလာပါလိမ့်မယ်။
စိတ်ဓါတ်ကြံ့ခိုင်တာ မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။ ဒါဟာ ကိုယ့်ရဲ့အတွင်းစိတ်ထဲမှာပဲ ထားရမဲ့ မြှပ်ကွက်တစ်ခုဖြစ်ပြီး အများသူငှာကို လှစ်ဟပြစရာမလိုဘူးလို့ ထင်ပါတယ်။
အရမ်းအထက်လွန်သွားတဲ့အခါ ကိုယ့်အနားကလူတွေလည်း လန့်ပြေးတတ်ပါသေးတယ်။

လူ့မှုပတ်ဝန်းကျင်မှာ ကျင်လည်နေထိုင်ရသ၍ကတော့ အလျှော့အတင်းလေးတွေကို နားလည်မှုရှိရှိ ဖြေလျှော့ပေးသွားမှသာ အများနဲ့အဆင်ပြေပြေ နေထိုင်လို့ရပါလိမ့်မယ်။

Credit : ချစ်တဲ့...မနုဿ

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top