iMyanmarHouse.com - Best Property Website for Myanmar
×














 အနုပညာလောကထဲမှာ အချိန်တိုအတွင်း အောင်မြင်မှုကို ရရှိပိုင်ဆိုင်ခဲ့တဲ့ ခင်ဝင့်ဝါက သူမရဲ့ အောင်မြင်မှု နောက်ကွယ်က အခက်အခဲတွေ၊ ပင်ပန်းမှုတွေ၊ စိတ်အားငယ်မှုတွေ ၊ သိမ်ငယ်ခဲ့ရတာတွေကို ခုလို ပြောပြသွားခဲ့ပါတယ်။ “ညီမ အနုပညာကို ၀ါသနာပါတဲ့အတွက် day တက်ရင်းနဲ့ မော်ဒယ်လ်သင်တန်းကို အိမ်က မသိအောင် ခိုးတက်ရတာပေါ့နော်။

 ကျောင်းကနေ ဘတ်စ်ကားစီးပြီး မော်ဒယ်လ်သင်တန်းကို ခိုးတက်တယ်။ အဲ့ဒီမှာ နေမကောင်းတဲ့အခါမျိုးလဲ ရှိတယ်။ နေမကောင်းပေမဲ့လဲ အိမ်က သိမှာစိုးလို့ကိုယ့်မုန့်ဖိုးနဲ့စုပြီး ခိုးတက်ခဲ့တယ်။ အရမ်းလဲ ပင်ပန်းတယ်။ မော်ဒယ်လ်အသစ် တစ်ယောက်ရဲ့ခံစားမှုကိုလဲ နားလည်တယ်။ ဘယ်သူမှလဲ ကိုယ့်ကို နေရာမပေးချင်ကြဘူး။ အပြိုင်အဆိုင်တွေ များတယ်။ အရမ်းလဲ သိမ်ငယ်ရတယ်။ အရမ်းလဲ အားငယ်ရတယ်။ အခက်အခဲတွေ အများကြီးကြုံတယ်။ ပြိုင်ပွဲတွေ ၀င်ပြိုင်တဲ့အခါဆိုလဲ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင်ပေါ့။ တစ်ယောက်နဲ့တစ်ယောက်ပြိုင်ကြတယ်။ ကိုယ်က ၀ါသနာပါလို့အိမ်ကမသိအောင် ခိုးပြီး ၀င်ပြိုင်တယ်။ ဒီလောကအကြောင်းလဲ မသိဘူး။ နားလဲ မလည်ဘူး။ သိတဲ့နောက်ပိုင်းမှာ အမေက ကိုယ့်ကို ကူညီပံ့ပိုးပေးတယ်။

 ဒါပေမဲ့မိဘကလဲ ဒီအသိုင်းအ၀ိုင်းနဲ့ မရင်းနှီးတဲ့အတွက် ဘာမှလဲမသိဘူး။ ကိုယ့်သားသမီးဖြစ်ချင်တာကိုပဲ ကူညီပံ့ပိုးပေးတာပေါ့။ ပြိုင်ပွဲတွေမှာ ကိုယ့်ကိုမလိုတဲ့သူတွေ၊ ယုတ်မာတဲ့သူတွေလဲ တွေ့လာရတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သတ်ပြီး စိတ်ဓာတ်လဲကျတယ်။ ဒီလောကထဲက ထွက်မယ်ဆိုပြီးတော့ကို ဆုံးဖြတ်ချက်ကိုချခဲ့တယ်။ ၂၀၁၂ အကုန် ၂၀၁၃ မှာ ဒီပွဲကိုပြိုင်မယ်။ ကံစပ်မယ်ဆိုရင် ဒီပွဲမှာ ငါဆုရမယ်။ မရရင် ဆက်မလုပ်တော့ဘူးလို့ဆုံးဖြတ်ပြီး ညီမပြိုင်ပွဲကိုဝင်ပြိုင်တယ်။ အဲ့ဒီမှာဆုရပြီး ပရိသတ် လက်ခံအားပေးတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာတယ်။ အဲ့ဒီလိုဖြစ်လာတဲ့ အချိန်မှာ အတိုက်အခိုက်တွေအများကြီးနဲ့ ကြုံတွေ့ခဲ့ရတာကိုလဲ ပရိသတ်တွေ ကြားမှာပါ။

အဲ့ဒီတော့ဘယ်လိုပဲဖြစ်ဖြစ်အနုပညာသက်တမ်းတစ်ခုအတွင်းမှာ နေရာလေးတစ်ခုရလာတဲ့အတွက်
 ကျေနပ်မိတယ်။ ပင်ပန်းမှုတွေ၊ စိတ်ပင်ပန်းမှုတွေ၊ အတွေ့အကြုံတွေလဲ အများကြီးရတယ်။ ပရိသတ်ရဲ့ အားပေးမှုတွေကြောင့်လဲ ညီမတောင့်ခံနိုင်ခဲ့တာလဲ ပါပါတယ်” လို့ ဖွင့်ဟသွားပါတယ်။

သင်္ကြန်နဲ့ပတ်သက်ပြီးတော့လဲ သူမက “ဒီနှစ်သင်္ကြန် ညီမမသိသေးဘူး။ အိမ်မှာနေဖြစ်ဖို့ပဲ များပါတယ်။ သင်္ကြန်လက ညီမအတွက် သာမန်လတစ်လပါပဲ။ ထွေထွေထူးထူး မရှိဘူး။ ဘာလို့လဲဆိုတော့ ညီမအပြင် သိပ်မထွက်ဖြစ်ဘူး။ ငယ်ငယ်တုန်းကတော့ ရေဆော့ရတော့ ပျော်တယ်။ အလယ်တန်းလောက်ရောက်လာတော့ သင်္ကြန်က ဘာမှမထူးခြားတော့ပါဘူး”တဲ့။

အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ဟိုလူဒီလူနဲ့ ထင်ကြေးပေးနေကြတဲ့ ခင်ဝင့်ဝါက “အချစ်ရေးကတော့ စိတ်မ၀င်စားဘူး။ အနုပညာအလုပ်တွေကြောင့် စိတ်ရှုပ်နေလို့ပါ။”လို့ ပြောပြသွားပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top