iMyanmarHouse.com - Best Property Website for Myanmar
×












အလုပ်ဝင်နေသူ လူတော်တော်များများဆီကကြားနေရတာက "ငါလုပ်သမျှ ငါစွမ်းဆောင်သမျှတွေကို ငါ့လုပ်ဖော်ကိုင်ဖက်တွေ ငါ့မန်နေဂျာနဲ. ငါ့အထက်အရာရှိတွေက သဘောမကျ အသိအမှတ်မပြုကြဘူး" ဆိုတဲ့စကားပါပဲ။ ကိုယ်ပေးတဲ့အကြံဥာဏ်တွေ ကိုယ်ပေးတဲ့ သတင်းအချက်အလက်တွေကို အရေးမလုပ် အသုံးမပြုဘဲထားတယ်လို.လဲ ခံစားရတတ်ပါတယ်။ ဒါပေမယ့် အောက်ကအချက်လေးတွေကတော့ အလုပ်ထဲမှာသင့်ကို အသိအမှတ်ပြုလာအောင် ကူညီနိုင်လို. လေ့လာထားသင့်တယ်လို. ထင်ပါတယ်။

" ပထမဦးဆုံး သင်အခုလိုခံစားနေရတာ ဘယ်လောက်ကြာပြီလဲလို.မေးပါ။ "

- " ငါ့ကိုဂရုမစိုက်၊ အသိအမှတ်မပြုကြဘူး " လို.အတွေးဝင်လာရင် အဲ့အတွေးကိုရပ်လိုက်ပါ။ ပြီးရင်ကိုယ့်ကိုယ်ကိုပြန်မေးပါ။ ငါဒီလိုမျိုးဘယ်အချိန်ကတည်းက စခံစားရတာလဲ ? သင့်ရဲ.စိတ်ကို သေချာပြန်လည်လေ့လာသုံးသပ်ပြီး ငါဒီလိုခံစားရတာဘယ်အချိန်မှာ ပထမဦးဆုံးဖြစ်ပြီး ဘယ်လိုအကြောင်းကြောင့်လဲဆိုတာကို သိအောင်လုပ်ပါ။ သေချာတာကတော့ အဲ့လိုခံစားချက်မျိုးက ကလေးဘ၀တည်းကိုက စခံစားရတတ်တာပါ။ ကလေးဘ၀တည်းက ကိုယ်ပြောတာ ကိုယ်လုပ်တာကို မိဘဆွေမျိုးသားချင်း ဒါမှမဟုတ် ဆရာဆရာမက အရေးမစိုက်၊ အဖတ်မလုပ်တာမျိုးကိုကြုံဖူး ခံစားရဖူးကြပါတယ်။ တခါတလေမှာ ကိုယ့်ကို " အသုံးမကျဘူး " " အဖြစ်မရှိဘူး " စသဖြင့်ပြောလိုက်ဆိုလိုက်တာမျိုးတွေ ကြုံရတဲ့အခါမျိုးမှာ ကိုယ့်ဆီမှာရှိတဲ့ယုံကြည်မှုတွေ ခံစားချက်တွေ ပျက်စီးပျောက်ဆုံးကုန်တာမျိုးလည်း ရှိပါတယ်။ Lily ဟာ ရှေ.နေတစ်ယောက် အရမ်းဖြစ်ချင်ခဲ့ပါတယ်။ အသက် ၁၂နှစ်အရွယ်မှာသူမရဲ.စိတ်ကူးဝါသနာကို မိဘတွေကိုပြောပြတဲ့အခါမှာ မိဘတွေကပျက်ရယ်ပြုပြီး သူမရဲ.စိတ်ကူးကိုပျက်စီးစေခဲ့ပါတယ်။ အဲ့ဒီ့နောက်ပိုင်းအသက်ရလာလို.အလုပ်ဝင်တော့ အလုပ်တိုင်းမှာ သူမတော်တော်ကို အခက်ကြုံကြိုးစားရပါတယ်။ ဘာလို.လဲဆိုတော့ သူမဟာ သူမစိတ်ကူးယုံကြည်ခဲ့တဲ့အရာကို အကောင်အထည်ဖော်ခွင့်မရခဲ့ဘဲနဲ. သူမတစ်ခုခုစဉ်းစားအကြံရလိုက်တဲ့အခါတိုင်းမှာ ဖြစ်ရောဖြစ်နိုင်ပါ့မလား မှန်ရောမှန်နိုင်ပါ့မလားဆိုတဲ့စိုးရိမ်စိတ်က အမြဲလိုဝင်ရောက်နေတော့တာပါ။ ငယ်ဘ၀မှာ ကိုယ်အဓိကထားစိတ်ကူးမိတဲ့အကြံဥာဏ်ကို မှားတယ်မဖြစ်နိုင်ဘူးလို. ပြောဆိုပယ်ချပြီး ဖျက်စီးခံလိုက်ရတဲ့နောက်မှာလည်း တစ်ခုခုဆိုငါပြောတာကိုဂရုမစိုက်ဘူး၊ အသိအမှတ်မပြုဘူးဆိုတဲ့အတွေးက အလွယ်တကူဝင်ရောက်လာပါတော့တယ်။

ဒီအချက်အတွက်အဓိကလုပ်ဆောင်ရမှာကတော့ အရင်ဆုံး သင့်အတွင်းစိတ်ကိုပြုပြင်ကုသရမှာပါ။ ဒီတပတ်ကစပြီး ကိုယ်အဲ့လိုခံစားလာရတဲ့အချိန်တိုင်းမှာ ဂျာနယ်ဖြစ်ဖြစ်၊ မဂ္ဂဇင်းဖြစ်ဖြစ် ဖတ်တာမျိုးစလုပ်ပါ။ ကလေးဘ၀မှာကိုယ့်ကိုအသိအမှတ်မပြု ဂရုမစိုက်ဘဲထားတာကဘယ်သူ.မှာတာဝန်ရှိလဲ ? သူတို.တွေသင့်ကိုဂရုမစိုက် အသိအမှတ်မပြုတာက ဘာကြောင့်လဲ ? သူတို.သာသူတို.လူငယ်ဘ၀မှာ ကိုယ့်ကိုလုပ်သလိုမျိုးအလုပ်ခံရရင် ဘယ်လိုခံစားဖြတ်သန်းမလဲ ? စသဖြင့် တွေးမိတတ်တာတွေကို တွေးရုံတင်မဟုတ်ဘဲ ကိုယ်လေးစားအားကိုးရတဲ့ အတိုင်ပင်ခံတစ်ယောက်ယောက်ကို ရင်ဖွင့်ပြီးအကုန်အစင်ပြောကြားလိုက်ပါ။ သင့်ခံစားချက်တွေကိုဖွင့်ဟတာဟာ အကောင်းဆုံးစိတ်ကုသနည်းတစ်ခုပါပဲ။

Credit : Wilson Chan (YK)

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top