iMyanmarHouse.com - Best Property Website for Myanmar
×














အချစ်ရေး အေးအေးဆေးဆေးပဲလို့ပြောပြလာတဲ့ သွန်းဆက်က လက်ရှိမှာ အန်ကယ်လေးနဲ့ ဇာတ်ကား ရိုက်ကူးနေတယ်လို့ သိရတာကြောင့် သူမရဲ့အနုပညာရိုက်ကူးမှုတွေနဲ့ ပတ်သက်ပြီး မေးကြည့်လိုက်တော့ “ဟိုတလောက ပြင်ဦးလွင်မှာ ကိုအောင်ရဲလင်းနဲ့ ၂ကား ဆက်တိုက်ရိုက်ပြီး ပြန်လာတယ်။ ပြီးတော့ ရန်ကုန်ရောက်တဲ့ချိန်မှာ ဦးခင်လှိုင်သား မိုးထက်ပိုင်နဲ့ ဟာသကားလေး ရိုက်တယ်။

အသစ်ဆိုပေမဲ့ အရမ်း သင်စရာမလိုဘူး။ ဟာသသရုပ်ဆောင်တွေ အများကြီး ပံ့ပိုးပေးထားတော့လေ။ ပြီးတော့ ကောင်းလေးကလဲ အရမ်းတော်ပါတယ်။ အခု အန်ကယ်လေးနဲ့ ကားရိုက်ရှိတယ်။ ပြီးတော့ ၂၀၁၅ ထဲမှာ ရုံတင်ကားကြီးရိုက်ဖို့ပြောထားတာ ရှိတယ်။”လို့ သူမက ဆိုပါတယ်။

ဒါ့အပြင် လက်ရှိဖြစ်ပျက်နေတဲ့ စစ်ပွဲတွေနဲ့ပတ်သက်ပြီးတော့လည်း သူမက “လောက်ကိုင်မှာ ဖြစ်နေတုန်းက ပြင်ဦးလွင်မှာ လောက်ကိုင်က စစ်သားတွေ ဆေးရုံတက်နေတော့ ဦးဝင်းထွန်းရယ်၊ မကြီးစိုးရယ်၊ ညီမရယ်၊ ကိုအောင်ရဲလင်းရယ်၊ စက်အဖွဲ့သားတွေရယ် အားလုံးပေါင်းပြီး သွားလှူ  လိုက်ပါသေးတယ်။ စစ်ပွဲတွေအားလုံး ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြစ်စေချင်ပါတယ်”တဲ့။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top