iMyanmarHouse.com - Best Property Website for Myanmar
×









ချစ်သူနဲ့ လမ်းခွဲပြီးပြီးချင်းဆိုသလိုပဲ အသည်းကွဲနေသူဟာ ဘယ်သူ့ဆီကိုများ ဖုန်းခေါ်လေ့ရှိပါသလဲ။ ဒီလိုမျိုး တစ်ခါမှ တွေးဖူးကြမှာ မဟုတ်ပါဘူး။ အဲ့ဒီဖုန်းခေါ်ဆိုခံရသူဟာ အသည်းကွဲနေသူအတွက် အရေးကြီးတဲ့သူဖြစ်သလို ယုံကြည်စိတ်ချရတဲ့သူလည်း ဖြစ်နေပါလိမ့်မယ်။ ဒါဆို အဲ့ဒါဘယ်သူများဖြစ်မလဲ။

စမတ်ဖုန်း app တစ်ခုဖြစ်တဲ့ LISTEN နဲ့ YouGov ရဲ့ စစ်တမ်းကောက်ချက်အရတော့ အသည်းကွဲနေတဲ့သူဟာ သူ့ခံစားချက်တွေကို ဖွင့်ဟနိုင်ဖို့ သူတို့ယုံကြည်စိတ်ချတဲ့သူကိုသာ ရင်ဖွင့်တတ်ကြပါတယ်။ အဲ့ဒီအချိန် သူတို့ဘ၀အတွက် အရေးကြီးတဲ့သူ ထင်ထင်ရှားရှား ပေါ်လာတော့တာပါပဲ။

အမေရိကန်က အရွယ်ရောက်ပြီးတဲ့ လူငယ် ၁၀၉၄ယောက်ကို ဆက်သွယ်ပြီး မေးမြန်းကြည့်ခဲ့တဲ့ အခါမှာတော့ အသည်းကွဲတာ မကြာသေးခင် ရင်ဖွင့်တတ်တဲ့သူဟာ သူတို့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းမလေးတွေ ကိုပါတဲ့။ ယောင်္ကျားလေးတွေ ဆိုရင်လည်း သူတို့အခင်ဆုံး သူငယ်ချင်းမတွေကို ဖြစ်စဉ်တွေ ပြောပြတတ်ကြသလို မိန်းကလေးချင်းဆိုရင်လည်း သူငယ်ချင်းမိန်းကလေးအချင်းချင်း ပြောပြရင်ဖွင့်လေ့ရှိပါတယ်။ ဒါက လူငယ်အများစုဆီက မေးမြန်းရလာတဲ့အဖြေဖြစ်ပြီး နောက်ထပ် လူငယ်အနည်းစုကတော့ အမေကို ရင်ဖွင့်ပြောပြလေ့ရှိတယ်လို့ သိရပါတယ်။

တကယ်လို့များ သူတို့ထဲက လူတွေထဲမှာ အရင်ရည်းစားတွေနဲ့ သူငယ်ချင်းလို ဆက်ဆံရေးမျိုးရှိနေရင်တော့ ပြတ်သွားတဲ့ ရည်းစားအကြောင်းကို အဲ့ဒီအရှေ့မှာ ထားခဲ့တဲ့ ရည်းစားဟောင်းကို ရင်ဖွင့်ကြပါလိမ့်မယ်။ ဒါဟာ အူကြောင်ကြောင်တော့ နည်းနည်းနိုင်ပါတယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top