iMyanmarHouse.com - Best Property Website for Myanmar
×














အဆီများတဲ့ငါးမျိုး (ဥပမာ- ဆယ်လ်မွန်၊ ငါးကွမ်းရှပ်) တို့လို ငါးမျိုးကို စားပေးခြင်းက လူကိုအကျိုးပြုပါတယ်။ ဆယ်လ်မွန်ငါးကို တစ်ပတ်လျှင် တစ်ကြိမ်စားပေးခြင်းဖြင့် အဆစ်အမြစ် ရောင်ရမ်းခြင်းနှင့်ပတ်သက်သော ရောဂါများကို သက်သာပျောက်ကင်း စေပါတယ်။ ပင်လယ်ငါးကြီးလို ငါးမျိုးကလဲ အလားတူအကျိုးရှိပါတယ်။

 အိုမီဂါ-၃ အဆီအက်ဆစ်ဓါတ်က အဆီများတဲ့ငါးတွေမှာ ပမာဏအများဆုံး ပါဝင်ပါတယ်။ ဒီလိုငါးမျိုးတစ်ပိုင်းလောက်ကို တစ်ပတ်တစ်ကြိမ် ပုံမှန်(၁၀)နှစ်လောက် စားပေးခြင်းက အဆစ်မြစ်ရောင်ရမ်းနာကျင်ခြင်း ရောဂါကို ပျောက်ကင်းစေနိုင်ပါတယ်။ အသက်အလတ်ပိုင်းနဲ့ သက်ကြီးပိုင်းအမျိုးသမီးတွေမှာ ဒီလိုရောဂါမျိုးအဖြစ်များပါတယ်။

ဆွီဒင်နိုင်ငံ Annal of the Rheumatic Diseases က ၁၉၁၄ နဲ့ ၁၉၄၈ ခုနှစ်အတွင်းမှာ မွေးတဲ့အမျိုးသမီး ၃၂၀၀ ကို သုတေသနပြုခဲ့ပါတယ်။ ဒီအဖွဲ့က ၁၉၈၇ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်အထိ (၁၀)နှစ်တာအတွင်း အဲဒီအမျိုးသမီးတွေရဲ့ အစားအသောက် ပုံစံကို လေ့လာတဲ့အခါ ဆယ်လ်မွန်လိုငါးမျိုး စားလေ့ရှိတဲ့ ၂၀၅ ဦးသောအမျိုးသမီးတွေမှာသာအဆစ်အမြစ်ရောင်ရောဂါ ဖြစ်ပွားနှုန်းလျော့နည်းတာကို တွေ့ရပါတယ်။
 ဆေးလိပ် ၊ အရက်သောက်လေ့ရှိတဲ့ အမျိုးသမီးများအတွက်လဲ ဒီလိုငါးမျိုး စားပေးခြင်းဖြင့် အရွယ်ရင့်ခြင်းကို ၅၂ ရာခိုင်နှုန်းလောက် လျော့ချပေးပါတယ်။

 အင်္ဂလန်နဲ့ ဝေလနိုင်ငံမှ အမျိုးသား၊ အမျိုးသမီးပေါင်း ၅၈၀၀၀၀ ဦးတို့ဟာ အဆစ်တွေနဲ့ ဆက်စပ်ရာနေရာတွေမှာ နာကျင်မှုကို ခံစားနေကြရပါတယ်။ လေ့လာကြည့်တဲ့ အခါ ဒါဟာ အိုမီဂါ-၃ ဖက်ဆီးအက်ဆစ် ပြတ်လတ်နေတဲ့အတွက် လှုပ်ရှားလိုက်တဲ့အခါ အရိုးဆက်နေရာတွေမှာ လောင်ကျွမ်းသွားတာပဲဖြစ်ပါတယ်။

ခန္ဓာကိုယ်ရဲ့ ဘယ်နေရာကမှ ဒီအဆီကို မရရှိနိုင်တဲ့အတွက် အကောင်းဆုံး အရင်းအမြစ် ဖြစ်တဲ့ ငါးကွမ်းရှပ်၊ ပင်လယ်ငါးသလောက်၊ ဆယ်လ်မွန်ငါး၊ ငါးသေတာ ငါးကလေးမျိုး စတာတွေ စားသုံးခြင်းဖြင့် အဆစ်အမြစ်ကိုက်ခဲ ရောင်ရမ်းခြင်းရောဂါကို ကြိုတင်ကာကွယ်နိုင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top