iMyanmarHouse.com - Best Property Website for Myanmar
×










တစ်မိနစ်အတွင်း လက်တွေကို နူးညံ့ပြီး ပိုမိုနုပျိုစေမယ့် နည်းလမ်းဖြစ်ပါတယ်။ တစ်ချက် တိုက်ချွတ်ဆေးကြောပေးရုံနဲ့ လက်တွေကို ဘယ်လို သိမ်မွေ့ပြောင်းလဲစေလဲဆို ကြည့်ရအောင်။

ပါဝင်သောပစ္စည်းများ
• သံလွင်ဆီ ထမင်းစားဇွန်း ၁- ၂ ဇွန်း
• သကြား ထမင်းစားဇွန်း ၁- ၂ ဇွန်း

လမ်းညွန်ချက်
၁။ လက်ထဲ အနည်းဆုံး သကြား ထမင်းစားဇွန်း ၁- ၂ လောင်းထည့်ပါ။ နောက်ပြီး သံလွင်ဆီ ထမင်းစားဇွန်း ၁- ၂ ဇွန်း ပေါင်းထည့်ရပါမယ်။ စိတ်ပါရင် အုန်းဆီကိုလည်း သုံးနိုင်ပါတယ်။ ဆီပမာဏနဲ့ သကြား ပမာဏကို စိတ်ကြိုက် ချိန်လို့လည်း ရပါတယ်။

၂။ ပေါင်းစပ်သွားအောင် သံလွင်ဆီနဲ့ သကြားကို လက်ဖဝါးကြား ပွတ်တိုက်ပေးပါ။ နောက်ပြီး လက်တစ်ခုလုံး နှံ့တာသေချာပါစေ။

၃။ လက်အချင်းချင်းနေရာအနှံ့ ပွတ်တိုက်ပြီး အပေါ်ယံ အရေပြားကို တိုက်ချွတ်ဆေးကြောပေးပါ။ လက်မောင်းနဲ့ လက်သည်းအရင်းရှိ အရေမာ အရစ်တွေတောင် ပျော့ပျောင်းစေနိုင်ပါတယ်။

၎။ နောက်ဆုံး သေချာဆေးကြောပေးပါ။ နောက် အသားအရေ ထိန်းသိမ်းကာကွယ်ဖို့ လိုးရှင်း လိမ်းပေးပါ။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top