iMyanmarHouse.com - Best Property Website for Myanmar
×









The Beauty and the Beast ရုပ်ရှင်ဇာတ်ကား ဇာတ်ဆောင်မင်းသမီး၊ ကုလသမဂ္ဂ အမျိုးသမီးများချစ်ကြည်ရေး သံတမန် Emma Watson ဟာ AskMen ရဲ့ စစ်တမ်းကောက်ချက်အရ  HeforShe နောက်ပိုင်း အထူးချွန်အပြောင်မြောက်ဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခံထားခဲ့ရပါတယ်။

တစ်ချိန်တည်းမှာ Emma Watson ဟာ ချမ်းသာ၊ အောင်မြင်၊ ကျော်ကြား၊ စတိုင်လ်ရှိ၊ ချောမောလှပ၊ ထက်မြတ်၊ ဥပဓိရုပ်ကောင်းပြီး ကြင်နာ သနားတတ်တဲ့ အမျိုးသမီးဖြစ်ကြောင်း ပုံနှိပ်ထုတ်ဝေသူ James Bassils က ၄င်းဝက်ဘ်ဆိုက်မှာ အကျယ်တဝင့် ရှင်းပြထားပါတယ်။ ဘဝကို ဇိမ်ခံနေမယ့်အစား ကျွန်ုပ်တို့ လူအတိုင်းဝိုင်းကို အမျိုးသမီးများအပေါ် ပြုမူဆက်ဆံပုံ ပြောင်းလဲသွားအောင် လူမှုရေးကို အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်ခဲ့သူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Watson ဟာ UFC ဖိုက်တာ Ronda Rousey (နံပါတ် ၁)၊ Kim Kardashian (နံပါတ် ၃) နဲ့ Taylor Swift (နံပါတ် ၄ ) တို့ကို အနိုင်ရရှိကာ ထိပ်ဆုံးမှ ဦးဆောင်ခဲ့ပါတယ်။ အဲဒီစာရင်းမှာ ရုပ်ရည်ချောမော၊ အရည်အချင်းရှိ၊ စွဲမက်စရာကောင်းပြီး အောင်မြင်ကျော်ကြားသည့်အပြင် ကျွန်ုပ်တို့နေထိုင်တဲ့ ကမ္ဘာကြီးကို အဓိပ္ပါယ်ရှိလေးနက်စေတဲ့ အမျိုးသမီး ၉၉ ဦးကို နှစ်စဉ်နှစ်တိုင်း အသိအမှတ် ပြုထားတာဖြစ်တယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top