iMyanmarHouse.com - Best Property Website for Myanmar
×














ရီးရဲမက်ဒရစ် အသင်းရဲ့ အထင်ကရ ကစားသမား Christiano Ronaldo ဟာ Facebookမှာ Like အများဆုံး ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်အဖြစ် စံချိန်တင်ပြီး အခြားဂုဏ်ယူစရာ ကိစ္စရပ်တစ်ခု ထပ်မံ တိုးပွားလာခဲ့ပါတယ်။

ပေါ်တူဂီနိုင်ငံရဲ့ လက်ရွေးစင် ကစားသမားတစ်ယောက်ဖြစ်တဲ့ အသက် ၃၀ အရွယ် Christiano Ronaldo ဟာ လူမှုကွန်ရက်မှာ Like အရေအတွက်ပေါင်း ၁၀၇ သန်းရရှိခဲ့ပြီး Facebook ရဲ့ Like အများဆုံး ရတဲ့ ပုဂ္ဂိုလ်စာရင်းမှာ အဆိုတော် Shakira ရဲ့ အထက်မှ ဦးဆောင်နေပါတယ်။

ဒါ့အပြင် Christiano Ronaldo ဟာ သူ့ရဲ့ ပြိုင်ဘက် အသင်း ဘာစီလိုနာမှ တိုက်စစ်မှုး Lionel Messi ထက် Like အရေအတွက် ၂၉ သန်းတိတိ ပိုရခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဖြစ်တဲ့ Christiano Ronaldo ဟာ ဘာစီလိုနာ ကစားသမား Gerard Pique ရဲ့ ဇနီးသည် Shakira ထက် Like အရေအတွက် ၅၀၀၀ တိတိ ပိုရပြီး Like အများဆုံးရတဲ့ ပုဂ္ဂိုလ် ဖြစ်လာတာပါ။

Ronaldo လက်ရှိ ကစားနေတဲ့ ရီးရဲမက်ဒရစ် အသင်းသည်ပင် နံပါတ် ၁၁ နေရာမှာ ရှိနေပြီး Ronaldo ထက် Like အရေအတွက် ၂၄ သန်း နည်းနေပါတယ်။ Ronaldo ဟာ Facebook ရဲ့ Like အများဆုံး ပုဂ္ဂိုလ် ဖြစ်ရုံတင်မကပဲ အခြားလူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Twitter မှာလည်း Follower ၃၄ သန်းရှိပြီး Follow အလုပ်ခံရဆုံး ပုဂ္ဂိုလ်တစ်ယောက်ပါဖြစ်နေတယ်လို့ သိရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top