iMyanmarHouse.com - Best Property Website for Myanmar
×














မကြာသေးမီကမှ အိမ်ထောင်ကွာရှင်းထားတဲ့ ဟောလီးဝုဒ်မင်းသမီး Hilary Duff ဟာ သူမရဲ့ ကိုယ်ရေး ကိုယ်တာ အကြောင်းတွေကို စတင်ပြောဆိုလာပါပြီ။ Cosmopolitan မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်း တစ်ခုမှာ Hilary Duff က သူမ ရဲ့ အပျိုစင်ဘ၀ကို ဆုံးရှုံးခဲ့တဲ့ ဖြစ်ရပ်တွေအကြောင်း တစ်စေ့တစ်စောင်း ပြောဆိုခဲ့ပါတယ်။

Hilary Duff ဟာ သူမရဲ့ အသက် ၁၆နှစ် ကနေ ၁၉ နှစ်ထိ တွဲခဲ့တဲ့ ရည်းစားဟောင်း Joel Madden အကြောင်းတွေကို ပြောပြခဲ့ပါတယ်။

Cosmopolitan ရဲ့ အပျိုစင်ဘ၀ကို ဆုံးရှုံးခဲ့ချိန်တွေ အကြောင်းမေးမြန်းတဲ့အခါမှာ Hilary Duff က “ကျွန်မမှာ အသက် ၂၆ နှစ်အရွယ် ရည်းစားတစ်ယောက် ရှိခဲ့တယ်။ ဒါကြောင့် ကျွန်မ လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး လူတိုင်း ကြိုက်သလို ယူဆနိုင်တယ်” လို့ သူမရဲ့ အပျိုဝင်ဘ၀ ကို ပိုင်ဆိုင်ခဲ့ရတဲ့ ရည်းစားဟောင်းအကြောင်းတွေကို ထည့်သွင်းပြောကြားခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် အဆိုတော် သရုပ်ဆောင် Hilary Duff ဟာ မကြာသေးမီကပဲ NHTL စတား Mike Comrie နဲ့ အိမ်ထောင်သက် ၅ နှစ်အကြာမှာ ကွာရှင်းခဲ့ကြပြီး သူတို့ ၂ ယောက်မှာ အသက် ၂ နှစ်အရွယ် သားတစ်ယောက် ရှိပါတယ်။

Hilary Duff ဟာ အိမ်ထောင်မပြုခင် က Shia LaBeouf၊ Frankie Muniz ၊ Aaron Carter တို့နဲ့ ပတ်သက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top