iMyanmarHouse.com - Best Property Website for Myanmar
×










ဟောလီးဝုဒ် မင်းသား မင်းသမီးတွေ ရဲ့ ကောလာဟလ တွေဟာ အခု တစ်ကြိမ်မှာတော့ Katie Holmes နဲ့ Jamie Foxx တို့ဘက် လှည့်လို့ လာပါပြီ။

အဲဒီကောလာဟလတွေ ကတော့ Katie Holmes နဲ့ Tom Cruise နဲ့ ကွာရှင်း ခဲ့တဲ့ လွန်ခဲ့တဲ့ ၃ နှစ်က စတာပါ။ အဲဒီ အချိန် ပတ်ဝန်းကျင် တုန်းက Katie Holmes နဲ့ Jamie Foxx တို့ဟာ နိုက်ကလပ် တစ်ခုမှာ အတူတွဲ ကနေတာကို မီဒီယာတွေက တွေ့ ရှိ သွားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ၂ ယောက်ရဲ့ ခင်မင် ရင်းနှီး မှုတွေကို သူတို့ရဲ့ ပြောရေး ဆိုခွင့် ရှိသူတွေက အတိအကျ ထုတ် မပြောခဲ့ပါဘူး။ အခု တစ်ကြိမ် မှာတော့ People မဂ္ဂဇင်းက သူတို့ ၂ ယောက်ရဲ့ အကြောင်းတွေကို ကုန် စင်အောင် ပြောပြ လိုက်ပါပြီ။

Jamie Foxx နဲ့ Katie Holmes တို့ဟာ တွဲနေခဲ့တာ ၁ နှစ်ကျော်ခန့် ရှိ နေပြီလို့ People မဂ္ဂဇင်း က ဖော်ပြခဲ့ပါတယ်။ သူတို့ ၂ ယောက် ဟာ သူတို့ရဲ့ ဆက်ဆံရေးကို ဘာကြောင့် လူသိမခံ ခဲ့လည်း ဆို တာ ကတော့ စဉ်းစား စရာဖြစ်စေခဲ့ပါတယ်။ Katie Holmes ရဲ့ အသက် ၈ နှစ် အရွယ် ကလေးငယ် Suri ဟာလည်း သူမရဲ့ ဖခင် Tom Cruise နဲ့ အတူနေ ထိုင်နေပါတယ်။ နောက်ဆုံးရတဲ့ သတင်းတွေ အရတော့ Katie Holmes ဟာ လော့အိန်ဂျလိစ် မြို့မှာ Jamie Foxx ရဲ့ အိမ်နဲ့ အနီး အနားမှာ ဘဲ အိမ်တစ်လုံး ၀ယ်ယူထားတယ်လို့သိရပါတယ်။

Credit: Thithtoolwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top