iMyanmarHouse.com - Best Property Website for Myanmar
×











အဆိုတော်၊ သရုပ်ဆောင် Suzy ဟာ သူမဘာ့ကြောင့် Lee Min Ho နဲ့ ဒိတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ရတယ်ဆိုတဲ့အကြောင်း ဖွင့်ဟလိုက်ပါတယ်။ အားလုံးသိတဲ့အတိုင်း မင်းသား Lee Min Ho ဟာ ရုပ်ရည်ချောမောပြေပြစ်ရုံမက အရည်အချင်းလည်းရှိတဲ့ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်တာကြောင့် မိန်းကလေးတွေရဲ့ အသည်းစွဲဖြစ်တာ မဆန်းပါဘူး။ Suzy ကိုယ်တိုင်လည်း Lee Min Ho ပါဝင်သရုပ်ဆောင်ထားတဲ့ City Hunter ဇာတ်ကားကို သဘောကျနှစ်ခြိုက်ခဲ့သူဖြစ်တဲ့အပြင် သူ့ရဲ့အမာခံပရိသတ်လို့ ဆိုပါတယ်။

Lee Min Ho နဲ့ ပတ်သက်ပြီး သူပြောပြသွားတာက "ကျွန်မအသေးစိတ်တော့ မပြောပြတတ်ပါဘူး။ ဒါပေမယ့် သူဟာ အရမ်းနားလည်မှုရှိတဲ့သူပါ။ ပြီးတော့ အရမ်းလည်း ဂရုစိုက်တတ်ပါတယ်။ နွေးထွေးတဲ့သူနှလုံးသားတစ်စုံကြောင့် ကျွန်မ ကြွေသွားခဲ့ရတာပါ" လို့ သူမက ဖွင့်ဟသွားပါတယ်။

ရိုက်ကူးရေးတွေ၊ ဖျော်ဖြေရေးတွေနဲ့ အစီအစဉ်ပြည့်နေတဲ့ သူတို့နှစ်ယောက်ဟာ သာမာန်စုံတွဲတွေလို ခဏခဏ ချိန်းတွေ့ဖို့တော့ ခက်ခဲလိမ့်မယ်ဆိုတာ နှစ်ဦးသားနားလည်ထားကြပေမယ့် ဒီအချစ်ရေးကို တည်တံ့အောင်၊ မြဲအောင် ထိန်းသွားမယ်လို့ သူမက ပြောသွားပါသေးတယ်။

Suzy ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး အရင်က သတင်းသဲ့သဲ့ထွက်လာတာမျိုးတွေ ရှိပေမယ့် ခုလို တရားဝင်လူသိရှင်ကြား ကြေငြာတာမျိုးတော့ မရှိခဲ့ပါဘူး။ Lee Min Ho ကတော့ City Hunter ဇာတ်ကားထဲက Park Min Young နဲ့ ချစ်သူတွေဖြစ်ခဲ့ကြပြီး လအနည်းငယ်မှာပဲ ပြတ်စဲလိုက်ကြတယ်လို့ သိရပါတယ်။

Credit :Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top