iMyanmarHouse.com - Best Property Website for Myanmar
×











မိန်းကလေး တစ်ယောက် အနိုင်ကျင့် ခံခဲ့ရတဲ့ အကြောင်း ထုတ်ဖော်ပြောကြားလေ့ မရှိတာဖြစ်လေ့ဖြစ်ထ ပါပဲ။ Madonna ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း များစွာက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ထုတ်ဖော်ခြင်း မလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဖွင့်ချပြောဆိုခဲ့ပါ သတဲ့။ Michigan မှ New York City ပြောင်းရွှေ့ ပြီး မကြာခင် အသက် ၁၉နှစ် အရွယ်မှာ အနိုင်ကျင့် ခံခဲ့ရတဲ့ အကြောင်းကို ပေါ့စတားဟာ Haper’s Bazar ကို ၂၀၁၃ ခုနှစ်က ပြောပြခဲ့ပါတယ်။

အဲဒီအချိန်က ကျွန်မ New York ကို ရောက်ပြီး တစ်နှစ် အတွင်းမှာ ကျွန်မကို သေနတ်နဲ့ ထောက်ပြီး အဆောက်အဦး တစ်ခုရဲ့ ခေါင်မိုးပေါ်မှာ အနိုင်ကျင့် ခံရ တာဖြစ်ပြီး နောက်ကျော ကိုလည်း ဓါးနဲ့ အထိုးခံ ခဲ့ရပါတယ်။ ပြီးတော့ ကျွန်မတိုက်ခန်း ကိုလည်း ၃ကြိမ် တိတိ ဖောက်ထွင်း ခံခဲ့ရပါတယ်။ ဗုဒ္ဓဟူးနေ့က Howard Stern ရဲ့ ရေဒီယို ရှိုးမှာ အသက် ၅၆နှစ် ရှိပြီဖြစ်တဲ့ Madonna ဟာ ဒီ အဖြစ်အပျက် အကြောင်း ပြောပြသွားစဉ် သူ့ ကို တိုက်ခိုက်သူဟာ အရမ်း ခင်မင်ရတဲ့သူ တစ်ယောက်ဖြစ်ပြီး သူ့ကိုလည်း အရမ်းယုံကြည်ခဲ့ပါသတဲ့။

ဘာလို့လဲ ဆိုတော့ သူဟာ လူတိုင်း ကို ယုံကြည် စိတ် ချ ခဲ့တဲ့သူ မို့လို့ပါပဲ။ Stern က ဘာလို့သူဟာ ရဲတွေက တစ်ဆင့် လျော်ကြေးငွေ မတောင်း ခဲ့တာလဲ လို့ မေးတဲ့အခါမှတော့ Madonna က “ ရှင့်ဟာ အနိုင်ကျင့်စော် ကားလည်းခံရပြီးပြီ၊ ဒီလိုလျော်ကြေးတွေတောင်း တာ မထိုက်တန်တော့ပါဘူး။ ဒါဟာ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက် တာပါ ” လို့ ရှင်းလင်းပြောကြားသေးပါတယ်။ နာမည်ကျော် အဆိုတော် အခုလက်ရှိမှာတော့ “ Rebel Heart “ ဆိုတဲ့ သူ့ရဲ့သီချင်း အယ်လ်ဘမ်ကို ထုတ်လုပ်ဖြန့်ချီ ထားတာ ဖြစ်ပါတယ်။

Credit : Thithtoowliwn

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top