iMyanmarHouse.com - Best Property Website for Myanmar
×

တေးရေး ၊ တေးဆို နှစ်ခုလုံးမှာ ထူးချွန်တဲ့ အဆိုတော်မလေး Ashanti ဟာ “The Meredith Vieira Show” ဆိုတဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူမရဲ့ ပြတ်စဲသွားပြီဖြစ်တဲ့ ရည်းစားဟောင်း Nelly အကြောင်းတွေကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

Ashanti ဟာ Nelly နဲ့ ၂၀၀၃ ခုနှစ် ဂရမ်မီဆုပေးပွဲ မှာ စတင်တွေ့ဆုံခဲ့ပြီး ၉ နှစ်ကြာ လက်တွဲခဲ့ကာ ၂၀၁၂ ခုနှစ်မှာ လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။

Vieira အစီအစဉ်က Ashanti ကို “ သင်ဟာ လူတစ်ယောက်ကို ယုံဖို့ ခက်ခဲတယ်လို့ ဘာကြောင့် တွေးရတာလဲ” လို့မေးတဲ့အခါမှာ Ashanti က “လူတွေဟာ သူတို့ရဲ့ မလုံခြုံမှုတွေကို ပိုင်ဆိုင်လာတဲ့ အခါမှာ သူတို့ကို ပုံမှန်မဟုတ်တော့အောင် ဖန်တီးလိုက်ပါတယ်။ ကျွန်မ သစ္စာအဖောက်ခံခဲ့ရပါတယ်” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် သူမက "ထပ်ပြောရမယ်ဆိုရင် သင်ဟာ အရွယ်ရောက်လာမယ်။ သင်လုပ်ခဲ့တာတွေရဲ့ တာဝန်မှုတွေကို လက်ခံရမယ်။ ကျွန်မက သူရဲဘောကြောင်တွေကို အားမပေးပါဘူး။ ကိုယ့်အကြောင်းကို သိဖို့ အရေးကြီးသလို ကိုယ်လိုချင်တာနဲ့ ကိုယ်ရနေတာတွေကို နားလည်ဖို့ လိုတယ်လို့ကျွန်မ ထင်ပါတယ်။ ကျွန်မအခု မတူညီတဲ့ နေရာတစ်ခုကို ရောက်ရှိနေပါပြီ” လို့ ထည့်သွင်း ပြောကြားခဲ့ပါသေးတယ်။

သူတို့ စုံတွဲဟာ သူတို့ရဲ့ အချစ်ရေးအခြေအနေကို လူသိထင်ရှား မပြောပြခဲ့တဲ့အတွက် သူတို့အမှန်တကယ် ကွဲကွာသွားတဲ့အချိန်ကိုတော့ အတိအကျ မပြောနိုင်ကြပါဘူး။ ၂၀၀၉ ခုနှစ်က Nelly နဲ့ Ashanti တို့ ဟာ Body On Me ဆိုတဲ့သီချင်းကို တွဲဖက်သီဆိုကာ အောင်မြင်ခဲ့ပြီး တစ်နှစ်ခန့်အကြာမှာတော့  Nelly က သူဟာ Single တစ်ယောက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Credit :Trend myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top