iMyanmarHouse.com - Best Property Website for Myanmar
×










One Direction အဆိုတော်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော လူးဝစ္စတွမ်လင်ဆန်က မိမိမှာ ဂေးတစ်ဦးဖြစ်ကြောင်း တွစ်တာဝက်ဆိုက်တွင် ၀န်ခံခဲ့ပြီး ယင်းကိစ္စမှာ လှပသော ကံမကောင်းမှုတစ်ခု ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ တွစ်တာတွင် တိုင်လာအမည်ရှိ အမျိုးသမီး ပရိသတ်တစ်ဦးက တွမ်လင်ဆန်နှင့် အခြား One Direction အဖွဲ့သား လီယန်ပိန်းတို့ ဟိုတယ်ဧည့်ခန်းမထဲတွင် အတူရှိနေ ခဲ့သော ဗီဒီယိုကို ဖော်ပြခဲ့ပြီး အာမေဋိတ်စကားတစ်ခုကိုလည်း အဆိုပါဗီဒီယိုဖိုင်၏ အောက်တွင် ရေးသားခဲ့သည်။

လက်ရှိတွင်One Direction အဖွဲ့မှာ သြစတြေးလျသို့ ဖျော်ဖြေရေးခရီးစဉ်အတွက် ရောက်ရှိနေကြသည်။ ယင်း၏ ပရိသတ်များကမူ တွမ်အနေဖြင့် မည်သည့်အခြေအနေသို့ ရောက်ရှိနေစေကာမူ ဆက်လက် အားပေးသွားမည်ဟု ထောက်ခံပြောကြားခဲ့ကြသည်။ တွမ်လင်ဆန်၏ ပရိသတ်များမှာ “တွမ်ရေ….မင်းဘယ်လိုပဲဖြစ်ဖြစ် ငါတို့ချစ်နေမယ်” ဟူသော အမည်ဖြင့်ပင် တွစ်တာတွင် အကောင့်တစ်ခု ပြုလုပ်ထားသည်။

သို့ရာတွင် တွမ်လင်ဆန်သည် မကြာသေးမီက ကမ်းခြေတွင် ကာလရှည်လက်တွဲလာခဲ့သော ချစ်သူ အီလီယာနော်ကယ်ဒါနှင့်အတူ ပြီးခဲ့သော သောကြာနေ့က အေးအေးလူလူ အပန်းဖြေနေခဲ့ရာ ယင်း၏ ဂေးဟု ၀န်ခံမှုမှာ မဖြစ်နိုင်ကြောင်း ဒေးလီးမေးက သုံးသပ်ခဲ့သည်။ တွမ်နှင့် ယင်း၏ ချစ်သူ အီလီယာနော်တို့မှာ ချစ်သူသက်တမ်း ၄ နှစ်တာ ရှိခဲ့ပြီ ဖြစ်သည်။ တွမ်အပါအ၀င် One Direction အဖွဲ့သားများမှာ ပြီးခဲ့သော စနေနေ့က မဲလ်ဘုန်းမြို့တွင် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြသည်။

Credit : Planet Entertainment

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top