iMyanmarHouse.com - Best Property Website for Myanmar
×










လူကြိုက်များသော ဗြိတိန်လူငယ်အဖွဲ့ One Directionမတ်လ ၁၁ ရက်တွင် အမျိုးသား အားကစားကွင်း၌ပြုလုပ်ခဲ့သော စင်ကာပူ ဂီတဖျော်ဖြေပွဲအကြောင်း နှင့်ပတ်သက်သည့် ပြောဆိုမှုများ တွစ်တာဝက်ဘ်ဆိုက်ပေါ်တွင် စံချိန်သစ်တင်ခဲ့သည်ဟု လူမှုကွန်ရက် တွစ်တာက မတ်လ ၁၂ ရက်၌ဖော်ပြသည်။

ပရိသတ်သုံးသောင်းကျော် အားပေးခဲ့ပြီး ယင်းဂီတဖျော်ဖြေ ပွဲနှင့်ပတ်သက်၍ တွစ်တာဝက်ဘ် ဆိုက်ပေါ်တွင် စင်ကာပူနိုင်ငံသား များနှင့် ဒေသတွင်း ပရိသတ်များ ၏ ပြောဆိုမှုတစ်သိန်းကျော်ရှိခဲ့ သည်။
One Direction အဖွဲ့၏ ဂီတဖျော်ဖြေပွဲကို အားပေးရာ တွင် ဘောလုံးကွင်းအတွင်းသို့ ပထမဆုံးဝင်ရောက်ခွင့်ရရန်နှင့် နေရာကောင်းရရန် ပရိသတ် အချို့မှာ နံနက် ၄ နာရီကတည်း က လာရောက်ခဲ့ကြသည်။

လုံခြုံ ရေးနှင့် ဘေးကင်းရေးအတွက် ပရိသတ်များအနေဖြင့် နံနက် ၁၁ နာရီမှစ၍ တန်းစီစောင့်ဆိုင်းကြ ရန် စင်ကာပူအားကစားဌာနက ညွှန်ကြားထားသော်လည်း ပရိ သတ်အချို့ စောစီးစွာရောက်လာ ခဲ့ကြသည်။
ဂီတဖျော်ဖြေပွဲအတွက်အချို့သောပရိသတ်များလက်မှတ်မရဖြစ်ခဲ့ကြသော်လည်း ခေတ္တမျှကြည့်ခွင့်ရရန်
 ဖျော်ဖြေပွဲ ကျင်းပရာ အားကစားကွင်းဂိတ် ပေါက်အပြင်ဘက်မှ စောင့်ဆိုင်း နေခဲ့ကြသည်။
 
ဂီဖျော်ဖြေပွဲအပြီးတွင် One Direction အဖွဲ့ဝင် Liam Payne က ‘‘ကျေးဇူးပဲ စင်ကာပူပျော်စရာ ကောင်းပါတယ်’’ဟု တွစ်တာ ဝက်ဘ်ဆိုက်၌ ရေးသားဖော်ပြ သည်။   

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top