iMyanmarHouse.com - Best Property Website for Myanmar
×










ဗြိတိန်ပေါ့ပ်အဖွဲ့ One Direction မှ အဖွဲ့ဝင် လူးဝစ်တွမ် လင်ဆန်နှင့် ချစ်သူ အယ်လန် နော်ကော်ဒါတို့ လမ်းခွဲလိုက်ပြီဟု ကိုယ်စားလှယ်တစ်ဦးက အတည် ပြုပြောကြားသည်။
‘‘လူးဝစ်နဲ့ အယ်လန်နော်တို့ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က လမ်း ခွဲခဲ့တာပါ။ ဒီအချိန်မှာ တိတ် တဆိတ်ပဲနေချင်လို့ သူတို့ကိစ္စကို မကြေညာတာပါ’’ဟု ကိုယ်စား လှယ်က People သတင်းအား ပြောသည်။

‘‘ဒီလိုလမ်းခွဲလိုက်ရလို့ လူး ဝစ်တစ်ယောက် စိတ်ပျက်နေပါ တယ်။ သူတို့တွေ လက်တွဲခိုင်မြဲ ဖို့ တကယ်ကြိုးစားခဲ့ကြပေမယ့် မဖြစ်နိုင်ခဲ့ပါဘူး။ လူးဝစ်က တစ် နှစ်လောက်အဝေးရောက်နေ တော့ သူတို့တွေဝေးသွားတာ ပေါ့’’ဟု လူးဝစ်တွမ်လင်ဆန်နှင့် ရင်းနှီးသောမိတ်ဆွေတစ်ဦးက ပြောသည်။
အယ်လန်နော်ကော်ဒါသည် ဗြိတိန်နိုင်ငံ မန်ချက်စတာတက္က သိုလ်၌ ကျောင်းတက်နေစဉ် လူး ဝစ်တွမ်လင်ဆန်က One Direc-tion အဖွဲ့နှင့်အတူ ကမ္ဘာလှည့် ဖျော်ဖြေပွဲများ ပြုလုပ်လျက်ရှိ သည်။

၎င်းတို့စုံတွဲသည် အချိန် ကာလအားဖြင့် သုံးနှစ်ကျော်ချစ် ကြိုက်ခဲ့သူများဖြစ်သည်။ ပြီးခဲ့ သည့် သီတင်းပတ်တွင် One Direction အဖွဲ့ဝင်တစ်ဦးဖြစ် သော ဇေအင်မယ်လစ်သည် လည်း စိတ်ဖိစီးမှုများကြောင့် အဖွဲ့လိုက်နယ်လှည့်ဖျော်ဖြေပွဲ များထွက်ခွာ၍ ခေတ္တအနားယူ ရန် ဗြိတိန်နိုင်ငံသို့ ပြန်သွားခဲ့ သည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top