iMyanmarHouse.com - Best Property Website for Myanmar
×













One Direction အဖွဲ့ဝင် ဇာယန်မာလစ်ခ်သည် အဖွဲ့အတွင်းမှ နှုတ်ထွက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ယခုအခါ တစ်ကိုယ်တော် အဆိုတော် အဖြစ်ရပ်တည်သွားဖို့ စီစဉ်နေပြီဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ဇာယန်သည် အသက်၂၂ နှစ်အရွယ် သာမာန်သူ တစ်ယောက်အဖြစ်သာ နေထိုင်လိုခြင်းကြောင့် အဖွဲ့အတွင်းမှ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ယခုအခါ ဇာယန်သည် တစ်ကိုယ်တော် အဆိုတော် အဖြစ်ရပ်တည်ရန် လုပ်ဆောင်နေပြီဟု သတင်းများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ဇာယန်သည် မတ် ၂၅ ရက်က One Direction အဖွဲ့မှ နှုတ်ထွက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး ပရိတ်သတ်များကို တောင်းပန်ကြောင်း ပြောကြားခဲ့သည်။ ဇာယန်သည် ထိုင်းနိုင်ငံတွင် တစ်ခြားမိန်းကလေးတစ်ဦးနှင့်အတူတွဲဖက်ရိုက်ကူးထားသော ဓာတ်ပုံများ ပေါ်ထွက်ခဲ့ပြီးနောက် စိတ်ဖိစီးမှုများကြောင့် အဖွဲ့၏ ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ်မှနှုတ်ထွက်ကာ နိုင်ငံသို့ပြန်လာခဲ့ပြီးနောက် ယခုကဲ့သို့ အဖွဲ့အတွင်းမှ နှုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော် One Direction အဖွဲ့နဲ့ အလုပ်တွဲလုပ်ရတာ ကျွန်တော်ထင်ထားတက် ပိုပြီးကောင်းမွန်ခဲ့ပါတယ်။ ဒါပေမဲ့ အဖွဲ့နဲ့ ငါးနှစ်ကြာလက်တွဲ လုပ်ဆောင်ခဲ့ပြီးတဲ့ နောက်မှာ ယခုအခါ အဖွဲ့အတွင်းမှ ထွက်ခွာဖို့အချိန်ရောက်ပြီလို့ ကျွန်တော်ခံစားရတယ်။ကျွန်တော်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်နှလုံးသားက ထွက်ဖို့အချိန်ရောက်ပြီလို့ ခံစားမိတဲ့အတွက် အဖွဲ့အတွင်းမှ နှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ဇာယန်က ပြောကြားသည်။

သို့သော်လည်း ဇာယန်သည် အဖွဲ့အတွင်းမှ ထွက်ခွာခဲ့ပြီးနောက် အသံသွင်း စတူဒီယိုသို့ သွားရောက်ခဲ့သော ဓာတ်ပုံများ ပေါ်ထွက်လာခြင်းက ၎င်းသည် တစ်ကိုယ်တော်အဆိုတော်အဖြစ်ရပ်တည်ရန် စီစဉ်နေသည်ဟု ထင်ကြေးပေးပြောကြားချက်များကို မြင့်တက်စေခဲ့သည်။ယခုအခါ The Sun သတင်းစာက ဇာယန်သည် ဆိုင်မွန်ကိုဝဲလ်၏ SyCo ကုမ္ပဏီနှင့် တစ်ကိုယ်တော် တေးသီချင်းအယ်လ်ဘမ် ထွက်ရှိသွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

“ဆိုင်မွန်ဟာ ဇာယန်အဖွဲ့အတွင်းမှ နှုတ်ထွက်သွားတာနဲ့ ပတ်သက်လို့ နားမလည်ခဲ့ပါဘူး။ ဒါပေမဲ့လည်း အခုတော့ နားလည်သွားပါပြီ။သူဟာ တစ်ကိုယ်တော်အဆိုတော်အဖြစ်ရပ်တည်ဖို့အစီစဉ်ရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိလိုက်ပါပြီ။ ယခုအခါ သူဟာ တစ်ကိုယ်တော် တေးအယ်လ်ဘမ် ထွက်ရှိဖို့ လုပ်ဆောင်နိုင်နေပါပြီ။ One Direction အဖွဲ့နဲ့လည်း ပြဿနာတက်စရာအကြောင်းမရှိတော့ပါဘူး” ဟု အတွင်းလူတစ်ယောက်က The Sun သတင်းစာကို ပြောကြားခဲ့သည်။

Credit :Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top