iMyanmarHouse.com - Best Property Website for Myanmar
×









Patric Schwarzenegger တစ်ယောက် ပိတ်ရက် ခရီးဖြစ်တဲ့ Cabo San Lucas, Mexico မှာ ချစ် သူဖြစ် သူ Miley Cyrus မဟုတ်တဲ့ တစ်ခြား မိန်းမ တစ်ယောက်နဲ့ အတူ ရှိနေပုံကို ဓါတ်ပုံတွေပေါ် ထွက် ခဲ့ တာကြောင့် ဖြစ်ပါတယ်။ အက်ရှင် မင်းသားကြီး Arnol Schwarzenegger နဲ့ Maria Shriver တို့ရဲ့ သားဖြစ်တဲ့ Patric ဟာ ပေါ့ အဆိုတော် တဲ့ လွန်ခဲ့တဲ့ ငါးလ ကတည်းက တွဲနေ ခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က Patrick ဟာ ဘီကီနီ ၀တ်ဆင် ထားတဲ့ မိန်းကလေး တစ်ယောက်နဲ့ နီးနီးကပ်ကပ် တစ်ယောက် ကို တစ်ယောက် ဖက်ပြီး လမ်းလျှောက်နေ ခဲ့တဲ့ ပုံကို TMZ.com သတင်း ဋ္ဌာန က ဖော်ပြခဲ့ တာဖြစ် ပါတယ်။

Patric ဟာ သူ့ အမေနဲ့ အတူ သူတို့ စုံတွဲ ညစာ စားပြီး နောက် တစ်နေ့ မှာပဲ ဒီကောလ ဟာလတွေ ထွက်ခဲ့ တာဖြစ်ပါသတဲ့။ သူ့ရဲ့ Twitter စာမျက်နှာ မှာလည်း ဒီ အဖြစ်အပျက် အကြောင်းကို ရှင်းလင်းပြောပြ ထားခဲ့ ပါသေးတယ်။ “ OMG, သူက ကျွန်တော့်ရဲ့  အချစ်ဆုံး သူငယ်ချင်းတွေ ထဲက တစ်ယောက်ပါ။

ကျွန်တော် ချစ်သူ အတွက် နောက်ကို ဒီလို ဘယ်တော့မှ မလုပ်တော့ပါဘူး” လို့လည်း ထပ်မံရေး သား ထား ခဲ့ပါတယ်။ “ ကောင်မလေးတွေမှာ ကောင်လေး သူငယ်ချင်းတွေ ရှိသလို ကောင်လေးတွေမှာလည်း မိန်း ကလေးဖြစ်တဲ့ သူငယ်ချင်းတွေ ရှိပါတယ်” လို့လည်း ပြောသွားပါသတဲ့။ သူရဲ့ Instagram မှာ Pal Cheyne Thomas နဲ့ တွဲဖက် ရိုက်ကူးထားတဲ့ပုံ တင် ထားတာက လွဲလို့ ဒီကိစ္စနဲ့ပတ်သက်ပြီး Miley ဘက်ကတော့ ဘာမှ တုံ့ပြန်မှုမရှိပါဘူး။

Credit : Thithtoolwin

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top