iMyanmarHouse.com - Best Property Website for Myanmar
×










ဒီလောကကြီးမှာ ရုံးဆင်းတိုင်း ကိုယ့်ကိုလာကြိုပေးနိုင်မဲ့ ယောကျာ်းဆိုတာ မရှိသလို တစ်သက်လုံး ကိုယ့်ကို စကားတစ်ခွန်းမှ မလိမ်မညာမဲ့ ယောကျာ်းဆိုတာလည်း မရှိပါဘူး ။
ဒါပေမဲ့ တစ်သက်လုံးကိုယ့်ကို မခွဲမခွာ ကိုယ့်အနားမှာပဲ သစ္စာရှိရှိ နေထိုင်ပေးမဲ့ ယောကျာ်းကတော့ ရှိပါသေးတယ်။

နှစ်ယောက်သား ရေရှည်ဆက်လျှောက်ဖို့ဆိုတာ အလျှော့အတင်းလေးတွေ လုပ်ပေးရတာမျိုးလေးတွေ ရှိရပါတယ်။
အမြဲတမ်း ကိုယ်ဖြစ်ချင်တာချည်းပဲ တောင့်တနေလို့မရပါဘူး ။
သူ့ဘက်က ချို့ယွင်းချက်တွေရှိလာရင်လည်း တတ်နိုင်သမျှ ခွင့်လွှတ်ပေးရင်း ကိုယ့်ရဲ့ချို့ယွင်းချက်တွေ ကြီးမလာအောင်လည်း ဂရုစိုက် ပြုပြင်သင့်ပါတယ်။

ကိုယ်ချစ်တဲ့ ယောကျာ်းတစ်ယောက် ကိုယ့်ပေါ်ကောင်းမကောင်းဆိုတာ အချိန်ပြည့်ကိုယ့်အနားမှ နေပေးမှ ၊ အမြဲကိုယ်လိုရာဝယ်ပေး ဖြည့်ပေး ဆောင်ရွက်ပေးမှ ကောင်းတယ်လို့ ပြောလို့မရပါဘူး ။
တစ်ခါတစ်လေ ကိုယ်သူ့ဆီကနေ မျှော်မှန်းထားတာလေးတွေကို အရမ်းကြီးမထားပဲ အမြင်တစ်မျိုး ပြောင်းလဲကြည့်လိုက်ပါ။
သူလည်း စိတ်ချမ်းသာရသလို ကိုယ်လည်း အေးချမ်းရပါတယ်။

မျှော်လင့်ချက်တွေ သိပ်မများတဲ့အခါ တစ်ခါတစ်လေ သူ့ရဲ့ ဂရုစိုက်မှုလေးတွေက ကျေနပ်စရာတွေ ဖြစ်သွားတတ်ပါတယ်။
အဓိကကတော့ မိန်းကလေးတွေ အတွေးတွေ ၊ ကိုယ့်ဘက်ကိုယ်ကြည့်တာတွေ တစ်ဖက်သတ်အတွေးတွေ လျှော့စေချင်ပါတယ်။

Credit : မနုဿ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top