iMyanmarHouse.com - Best Property Website for Myanmar
×










1. Broken Single (BS)
အချစ်တတ်ဆုံးနှလုံးသားပိုင်ရှင်တွေပါ။ ကံမကောင်းအကြောင်းမလှခဲ့လို့ အချစ်ဦးနဲ့ကွေကွင်းရပြီး အချစ်ကိုစိတ်နာနေသူတွေပါ။ အလုပ်ထဲမှာပဲ စိတ်ကို နှစ်ထားတတ်ကြတယ်။ လူတွေကို ထပ်မယုံရဲလောက်အောင် နာကျင်ခဲ့ရသူမို့ ထပ်မချစ်ရဲတာကိုက သူ့ကိုအခုအချိန်အထိ Single ဖြစ်နေစေတာပါ။

2. On-the-search Single (OS)
အချစ်စစ်ကို တကယ် ယုံကြည်တဲ့သူတွေပါ။ တစ်ယောက်ပြီးတစ်ယောက် ကွေကွင်းရပေမဲ့ စိတ်မလျော့ပဲ ကိုယ်ရဲ့ဖူးစာဖက်အစစ်ကို ယုံကြည်ရင်း ရှာဖွေနေတာပါ။ အချစ်စစ်ကို မတွေ့မချင်း တစ်ယောက်ပြီးတစ်ယောက် တွဲပြီးရှာသူတွေပါ။ သူတို့အတွက် အခုနေ Single ဆိုပေမဲ့ Relationship ပြန်ဖြစ်ဖို့ လွယ်ကူပါတယ်။

3. Complicated Single (CS)
သွက်သွက်လက်လက်ရှိတယ်။ များသောအားဖြင့် ရုပ်ချောကြတယ်။ Heart-breaker တွေဆိုတာ သူတို့ပေါ့။ ဟိုလူနဲ့လည်း အီစီကလီ ဒီလူနဲ့လည်း အီစီကလီ။ တကယ်တမ်း လူတစ်ယောက်ကို အတည် comitted relationship တစ်ခု တွဲလားဆိုတော့လည်း မတွဲဘူး။ အဲ့လို အတည်တွဲပြန်ရင်လည်း သူ့အတွက်က ရှော့ရှိတာကိုး။ အဲ့တော့ သူလည်း single ပေါ့ဗျာ။

4. Disguised Single (DS)
လျို့ဝှက်ချက်များတဲ့ သူတွေ။ သူတို့ relationship ကို ဘယ်တော့မှ လူသိမခံဘူး။ မမြင်ကွယ်ယာမှာ ရည်းစားကို သက်စေ့တွဲဖြစ်ချင် တွဲဖြစ်မယ်။ သူတို့နဲ့ ရင်းနှီးတဲ့သူအပြင် ပိုမသိနိုင်ဘူး။ လူတွေအမြင်မှာတော့ သူလည်း Single ပေါ့ဗျာ။

5. Single-Since-Birth (SSB)
အရမ်းစဉ်စားတဲ့သူတွေ။ အရမ်းလည်း ချေးများတယ်။ အဲ့ဒီတော့ မွေးကတည်းက တစ်ခါမှ ရီးစားမရှိဖူးဘူး။ များသောအားဖြင့် သူတို့ကိုယ်ကိုယ် လိုအပ်တာထက်ပို တန်ဘိုးထားကြတယ်။ ကျောင်းစာနဲ့ အလုပ်ကလွဲပြီး ဘာမှဦးစားမပေးတဲ့ သူတွေလည်းဖြစ်တတ်ကြတယ်။ သူတို့ကို ချစ်မိတဲ့သူတွေကတော့ ကံဆိုးပြီသာမှတ်ပေရော့။ အခုခေတ်မှာ အသက် ၂၅ ကျော်တဲ့ SSB တွေရှိတော့ရှိတယ် ရှားတယ်။

Credit : SM@Harald

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top