iMyanmarHouse.com - Best Property Website for Myanmar
×














တောင်ကိုရီးယား ယောက်ျားလေးရော့ခ်ဂီတအဖွဲ့ CNBLUEခေါင်းဆောင်   ဂျန်းယောင်ဟွာ သည် မတ်လ ၂၀ ရက်တွင် ကျင်းပပြုလုပ်သော Hong Kong WeiboStar Awards  ဆုပေးပွဲ၌ ဆုနှစ်ဆုရရှိခဲ့သည်။  ထို့ကြောင့် သရုပ်ဆောင်အဆိုတော်   ဂျန်းယောင်ဟွာသည် Hong KongWeibo Star Awards ဆုပေးပွဲ၌ ဆုရရှိသည့် ပထမဆုံး ကိုရီးယားအနုပညာရှင်ဖြစ်လာသည်။

ဂျန်းယောင်ဟွာသည် အကျော်ကြားဆုံး  ကိုရီးယားကြယ်ပွင့်ဆုနှင့် Gaon-Weibo တေးဂီတစာရင်း၌ ဩဇာလွှမ်းမိုးမှုအရှိဆုံး ကိုရီးယားကြယ်ပွင့်ဆုတို့ကို     ရရှိခဲ့သည်။တရုတ်နိုင်ငံ၏ အကျော်ကြား ဆုံးလူမှုမီဒီယာ Sina Weibo က ယင်းဆုပေးပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။

ဂျန်းယောင်ဟွာသည် ပြီးခဲ့သည့် နိုဝင်ဘာလလယ်မှစ၍ သီတင်းပတ် ၁၇ ပတ်ဆက်တိုက် Gaon-Weibo တေးဂီတစာရင်း၌ထိပ်ဆုံးမှရပ်တည်ခဲ့သူဖြစ်သည်။ ယောင်ဟွာသည်၎င်း၏အာရှ
 ဖျော်ဖြေရေးခရီးစဉ်ကြောင့် ဟောင်ကောင်ဆုပေးပွဲသို့ ဆု တက်ရောက်ယူနိုင်ခြင်းမရှိပေ။

Credit : 7day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top