iMyanmarHouse.com - Best Property Website for Myanmar
×










ဧပြီလ ၄ ရက် ညတွင်ပြုလုပ်ခဲ့သော ကိုရီးယား ကေပေါ့ပ်4 Minute  အဖွဲ့၏ ဖျော်ဖြေပွဲ သည် ဝင်ကြေးများသောကြောင့် ပရိသတ် ထောင်ဂဏန်းသာ လာရောက်ကြည့်ရှုခဲ့သော်လည်း မြန်မာနိုင်ငံတွင် လာရောက်ကျင်းပသည့် နိုင်ငံတကာဖျော်ဖြေပွဲများ တွင် ပရိသတ်နှင့် အပေးအယူအမျှဆုံး ဖျော်ဖြေပွဲဖြစ်ခဲ့သည်။

    ည ၇ နာရီခွဲတွင် ဖျော်ဖြေပွဲစတင်မည်ဟု ကြေညာခဲ့သော်လည်း စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် နာရီဝက်ခန့်နောက်ကျ၍ ဖျော်ဖြေပွဲစတင်နိုင် ခဲ့သည်။

ကျပ်ခြောက်သိန်းနှင့် ကျပ်နှစ်သိန်းတန် လက်မှတ်နေရာများ တွင် ပရိသတ်အပြည့်နီးပါး လာ ရောက် ကြည့်ရှုခဲ့သော်လည်း ကျန်ဈေးနည်းသော အတန်းများတွင် ကြည့်ရှုသူ မရှိသလောက်နည်းပါးခဲ့သည်။ သို့သော် ပွဲမစတင်မီ ကျပ်နှစ်သောင်းခွဲတန် ဇုန် (C)မှ ပရိသတ်များကို ရှေ့သို့လာရောက်ကြည့်ရှုစေခဲ့သည်။

4 Minute အဖွဲ့သည် ၎င်းတို့ နောက်ဆုံးထွက်ရှိထားသောအယ်လ်ဘမ်မှ Crazy သီချင်းဖြင့်စတင်ဖျော်ဖြေခဲ့ပြီး ၎င်းတို့၏အောင်မြင်သည့် သီချင်းစုစု ပေါင်း အပုဒ် ၂၀ ခန့်ကို ပရိသတ်နှင့် တစ်သားတည်း ဖျော်ဖြေပေးနိုင်ခဲ့သည်။

ယခင်က ပြောကြားထား သည့်အတိုင်း တစ်ဦးချင်း ဖျော် ဖြေမှု အစီအစဉ်များကို ဖျော်ဖြေပေးခဲ့ပြီး ‘‘ချစ်ပါတယ်၊ ကျေးဇူးတင်ပါတယ်၊ ကောင်းတယ်’’စသည့် မြန်မာစကားများကို မပီမသ ပြောကြားမှုကိုလည်း ပရိ သတ်များ နှစ်ခြိုက်ခဲ့ကြသည်။တစ်ဦးချင်း ပါဖောမန့် အစီအစဉ်တွင် ဂျီယွန်းနှင့် ဂါယွန်းတို့ က ညီမနှစ်ဦး အတွဲဖျော်ဖြေခဲ့ပြီး  ဂျီဟွန်းက ဘီယွန်းစေး၏ Sin−gle Lady သီချင်းဖြင့် ပါဖောမန့်တင်ဆက်ခဲ့သလို ဆိုဟွန်းက နစ်ကီမင်နိုက်ခ်၏ အန်ဒါကွန်နာ သီချင်းဖြင့် ပါဖောမန့်တင်ဆက်ခဲ့ သည်။ ဟွန်းအကလည်း ၎င်း၏ RED အမည်ရသီချင်းဖြင့် တင်ဆက်ပေးခဲ့သည်။

အချို့စကားများကို ကိုရီးယားဘာသာဖြင့် ပြောကြားခြင်းဖြစ်သော်လည်း စကားပြန်၏ ကျွမ်းကျင်မှုကြောင့် ပရိသတ်အားပေးမှု ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

‘‘ပြီးခဲ့တဲ့နှစ်က 2NE1 ပွဲလောက်လူမများတော့ မဖျော်ဖြေခင်တုန်းက ပျင်းစရာကောင်းမယ်လို့ ထင်ထားခဲ့ပေမယ့် နောက်ပိုင်းကျတော့ ပျော်ဖို့ကောင်းတယ် အရမ်းမိုက်တယ်’’ဟုအင်းစိန်မြို့ နယ်မှ လာရောက် အားပေးသော အသက် (၂၀) ကျော် အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ဖျော်ဖြေမှု အစီအစဉ်ကို အပိုင်းသုံးပိုင်းခွဲကာ တင်ဆက်ပေးခဲ့ပြီး ပွဲပြီးခါနီး အချိန်နီးလာ သည်နှင့်အမျှ ပွဲအရှိန်မြင့်အောင် ပိုမိုစွမ်းဆောင်နိုင်ခဲ့သည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top